DVB Logo
Home
မြန်မာသတင်း
SME Member ကတ်များ အွန်လိုင်းက လျှောက်ထားနိုင်
DVB
·
July 31, 2018
SME Member ကတ်များ အွန်လိုင်းက လျှောက်ထားနိုင်
Donate to DVB

အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းဥပဒေနဲ့ အကျုံးဝင်တဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို SME Member ကတ်တွေ ထုတ်ပေးနေရာမှာ အခုဆိုရင် အွန်လိုင်းကနေ လျှောက်ထားနိုင်ပြီလို့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနက ကြေညာပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ SME Member ကတ်တွေကို သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ ခရိုင် စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနရုံးတွေမှာ သွားလျှောက်နိုင်သလို http://www.moismeregister.gov.mm ကနေလည်း လျှောက်ထားနိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုဌာန ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းက “လုပ်ငန်းရှင်တွေက ချေးငွေ လျှောက်မယ်ဆိုရင် ထောက်ခံစာလိုပြီး အခုလို  အဖွဲ့ဝင်ကတ်ရှိတဲ့သူတွေဆိုရင် ပိုပြီး မြန်မြန်ရတာပေါ့။ ကတ်တွေက ၂၀၁၆ ခုနှစ်ကတည်းက ထုတ်ပေးလာခဲ့တာ။ အခုတော့ အွန်လိုင်းကနေ လျှောက်နိုင်တော့ ကိုယ့်အိမ်ကနေပြီးတော့လည်း လျှောက်နိုင်ပြီလေ။ အဓိက ကတော့ Credit Guarantee Insurance ချေးငွေ သိန်း ၂၀၀ က ကတ်ရှိတဲ့သူကိုပဲ ပေးတာပါ” လို့ ပြောပါတယ်။

ဒီကတ်နဲ့ပဲ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းအနေနဲ့ အသိအမှတ်ပြုတာဖြစ်ပြီး လျှောက်မယ့်သူတွေဟာ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ကတော့ ရှိပြီး ဖြစ်ရပါမယ်။

ထုတ်လုပ်တဲ့ လုပ်ငန်းတွေအနေနဲ့ ဝန်ထမ်း ၅၀ နဲ့အောက်ရှိမယ်ဆိုရင် အသေးစား၊ ၅၁ ကနေ ၃၀၀ အထိကို အလတ်စား၊ လက်ကားနဲ့ လက်လီရောင်းဝယ်ရေးနဲ့ တခြားလုပ်ငန်းတွေကတော့ ဝန်ထမ်း ၃၀ နဲ့အောက်ရှိမယ်ဆိုရင် အသေးစား၊ ၃၁ ယောက်ကနေ ၆၀ အထိရှိမယ်ဆိုရင် အလတ်စားလုပ်ငန်းလို့ သတ်မှတ်ထားပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ဝန်ထမ်း ၃၀ နဲ့အောက်ရှိမယ်ဆိုရင် အသေးစား၊ ၃၁ ယောက်ကနေ ၁၀၀ အထိကို အလတ်စားလို့ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013