DVB Logo
Home
မြန်မာသတင်း
ရေဘေးကယ်ဆယ်ရေးတွင် သေဆုံးခဲ့သည့် တပ်သားကို  မီးသင်္ဂြိုဟ်
DVB
·
July 31, 2018
ရေဘေးကယ်ဆယ်ရေးတွင် သေဆုံးခဲ့သည့် တပ်သားကို  မီးသင်္ဂြိုဟ်
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ရေစီးထဲ မျောပါသေဆုံးခဲ့တဲ့ တပ်သား စောတင်မောင်ဝင်းရဲ့ ရုပ်ကလာပ်ကို ဇူလိုင် ၃၀ ရက်က ဘီးလင်းသုသာန်မှာ မီးသင်္ဂြိုဟ်ကြပါတယ်။

သေဆုံးသူ တပ်သား စောတင်မောင်ဝင်းဟာ အသက် ၂၂ နှစ်သာရှိသေးပြီး မိခင် ဖြစ်သူဟာလည်း ကရင်ပြည်နယ်မှာ ရေဘေးကြုံတွေ့နေရတဲ့အတွက် လာရောက်နိုင်ခြင်း မရှိခဲ့ဘူးလို့ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာရဲ့ လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ဇူလိုင် ၂၇ ရက် ညနေပိုင်းက ရေဘေးကူညီကယ်ဆယ်ပေးနေတဲ့ ခလရ ၂ က တပ်မတော်သား ၃ ဦး ရေထဲ မျောပါသွားပြီး အဲဒီထဲက တပ်သား စောတင်မောင်ဝင်းရဲ့ အလောင်းကို ဇူလိုင် ၃၀ ရက်မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရေဘေးကယ်ဆယ်ရေး တာဝန်ထမ်းဆောင်စဉ် ပျောက်ဆုံးသွားတဲ့ တပ်မတော်သား ၃ ဦးအတွက် ပြည်နယ်အစိုးရက ထောက်ပံ့ကူညီငွေတွေ ပေးအပ်ခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ရေကြီးတာတွေဖြစ်ပေါ်နေပြီး ဇူလိုင် ၃၀ ရက်အထိ ရေဘေးသင့်သူပေါင်း တသိန်းနှစ်သောင်းကျော်ရှိပြီး ရေဘေးအတွင်း သေဆုံးသူ ၁၁ ဦး  ရှိပြီလို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဒီဗွီဘီကို ပြောပါတယ်။

Photo : Thiri Yadanar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013