DVB Logo
Home
မြန်မာသတင်း
မုက္ခမူတာ ရေကျိုးပေါက်မှု စိုးရိမ်စရာမရှိတော့ဟု ပြည်ထောင်စုဝန်ကြီးပြော
DVB
·
July 31, 2018
မုက္ခမူတာ ရေကျိုးပေါက်မှု စိုးရိမ်စရာမရှိတော့ဟု ပြည်ထောင်စုဝန်ကြီးပြော
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ မုက္ခမူတာ ရေကျိုးပေါက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဇူလိုင် ၂၉ ရက်က  စိုင်ကွလေးကျေးရွာနဲ့ လေးအိမ်စုကျေးရွာကြားက မုက္ခမူတာ ကျိုးပေါက်သွားခဲ့တာဖြစ်ပြီး ငါးကျိုးအိုင်၊ ဗမော်တော၊ ဧက ၅၀၀၊ ချောင်းကျိုး၊ စည်ပင်၊ လေးအိမ်စု စတဲ့ကျေးရွာတွေ ရေနစ်မြုပ်မှုဒဏ်ကို ခံခဲ့ရတာ ဖြစ်ပါတယ်။

မုက္ခမူချောင်း  လက်ယာကမ်းပတ်တာ မိုင် ၄/၀ နေရာ ချောင်းကျိုးကျေးရွာအနီး ရေကျော် ကျိုးပေါက်ခဲ့ရာ အဝါချောင်း၊ စိုင်ဂွလေး၊ အင်းဂပလိပ်၊ ချောင်းကျိုး၊ လေးအိမ်စု၊ ရေပေါ်သောင်၊ ရေနက်ကွင်းရှိ ကျေးရွာတွေကို ရေ ၁ ပေခန့်အထိ ပျံ့နှံ့မြင့်တက်ခဲ့ပါတယ်။

ဇူလိုင် ၃၀ ရက်မနက်ပိုင်းမှာတော့ ရေ ၃ လက်မခန့် ပြန်ကျသွားတာကြောင့် မုက္ခမူတာ ကျိုးပေါက်မှု စိုးရိမ်စရာမရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြောပါတယ်။

ခုချိန်မှာ စစ်တောင်းမြစ်ရေဟာ ၁ ပေလောက် ကျဆင်းလာခဲ့ပေမယ့် မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်မှာပဲ ဆက်လက်တည်ရှိနေပြီး ကျေးရွာတွေမှာတော့ ရေကြီးနစ်မြုပ်မှုတွေ ရှိနေသေးပါတယ်။

သတင်း - နေလင်းထိုက်၊ ဓာတ်ပုံ - မြို့နယ်ငါးဦးစီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013