DVB Logo
Home
မြန်မာသတင်း
ဩဂုတ်လအတွင်း မုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း
DVB
·
July 31, 2018
ဩဂုတ်လအတွင်း မုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း
Donate to DVB

ဩဂုတ်လအတွင်း  ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ် နိုင်ပြီး (၁)ကြိမ်မှာ မုန်တိုင်းဖြစ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ်လအတွက် လပတ်မိုးလေ၀သခန့်မှန်းချက်မှာ ဖော်ပြလိုက်တာဖြစ်ပြီး ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအား အသင့်အတင့်ကနေ  အားကောင်းနိုင်တယ်၊ သြဂုတ်လထဲ မုတ်သုံလေအားပြတ်ခြင်း (၁)ကြိမ်ဖြစ်နိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းပါတယ်။

မိုးရွာသွန်းမှုအနေနဲ့  တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၂)ရက်ကနေ (၂၉) ရက်ခန့်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ (၁၂)ရက် ကနေ (၂၁) ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့လည်း မိုးလေ၀သဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013