DVB Logo
Home
မြန်မာသတင်း
ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်သည့် ရခိုင်အရေး စုံစမ်းစစ်ဆေးကော်မရှင် ဖွဲ့စည်း
DVB
·
July 31, 2018
ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်သည့် ရခိုင်အရေး စုံစမ်းစစ်ဆေးကော်မရှင် ဖွဲ့စည်း
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ပြည်တွင်း ပြည်ပက ပုဂ္ဂိုလ် ၄ ဦး ပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို  မြန်မာအစိုးရက ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့မှာ ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ကုလသမဂ္ဂ CEDAW ကော်မတီ ဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိအဖွဲ့ဝင် သံအမတ်ကြီး မစ္စရိုဆာရီယို မယ်နာလိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

ဝါရင့်သံတမန်တဦးဖြစ်တဲ့ မစ္စရိုဆာရီယို မယ်နာလိုဟာ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်ပြီး ဆွီဒင်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး ဟောင်းလည်းဖြစ်ပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေအဖြစ်တော့  လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း၊ ကုလမသဂ္ဂဆိုင်ရာ ဂျပန် အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ယူနီဆက်ဖ် အဆင့်မြင့် အရာရှိဟောင်းနှင့် ကုလသမဂ္ဂ ဝန်ထမ်း ကောလိပ်ကျောင်းအုပ်ကြီးဟောင်း ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ဖို့ အမျိုးသားအစီအစဉ်တရပ်အနေနဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တာလို့ ဇူလိုင် ၃၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါကော်မရှင်ကို ပြည်တွင်းနဲ့ နိုင်ငံတကာမှ ဥပဒေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေက ပံ့ပိုးဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။

ရခိုင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတဦးနဲ့ ဦးဆောင်ဖွဲ့စည်းမယ့်ကိစ္စနဲ့ ပတ်သက်လို့  ကြံ့ခိုင်ရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၂၃ ပါတီက “နိုင်ငံတော်ရဲ့ သစ္စာကို ဆန့်ကျင်ပြီး ပြည်ပအားကိုးရှေ့တိုးဆောင်ရွက်မှုတွေကို အထူးသတိထား စောင့်ကြည့်ကာကွယ်ဖို့ အလွန်အရေးကြီးတဲ့အချိန် ရောက်နေပြီ”လို့ ဇူလိုင် ၁၅ ရက်က သဘောထားကြေညာချက် ပူးတွဲ ထုတ်ပြန်ထားပါတယ်။

Photo - ABS-CBN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013