DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲ့မြို့နယ်တွင် သားအမိ ၂ ဦး ရေထဲမျောပါသေဆုံး
DVB
·
July 30, 2018
လှိုင်းဘွဲ့မြို့နယ်တွင် သားအမိ ၂ ဦး ရေထဲမျောပါသေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကပ္ပလီကျေးရွာမှာ ဒီကနေ့ နေ့လယ်ပိုင်းက သားအမိနှစ်ဦး ရေထဲမျောပါ သေဆုံးသွားပါတယ်။

ရေကြီးမှုတွေဖြစ်ပွားနေတဲ့ ကပ္ပလီကျေးရွာရဲ့ လမ်းပေါ်မှာ ဆော့နေတဲ့ ကလေးငယ် ရေထဲမျောပါသွားတဲ့အတွက် မိခင်က လိုက်လံကယ်ဆယ်ရင်း နှစ်ဦးစလုံး ရေထဲ မျောပါသေဆုံးသွားတာပါ။

လှိုင်းဘွဲ့မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က “လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းနားက ကျေးရွာပေါ့၊ ကပ္ပလီကျေးရွာ၊ လမ်းဘေးရေကျော်တဲ့ နေရာမှာ ကလေးက ဆော့နေရင်းနဲ့ ရေထဲကျသွားတာ။ သူ့အမေပါ လိုက်ဆယ်ရင်းနဲ့ ပျောက်သွားတာ။ ကလေးရော၊ အမေရော။ အခုတော့ အမေအလောင်းပြန်ရပြီ၊။ ကလေး မရသေးဘူး။”

မျောပါပျောက်ဆုံးသွားတဲ့ ကလေးဟာ အသက် ၅ နှစ်လောက် အရွယ်ပဲ ရှိသေးတယ်လို့လည်း ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမှာ သံလွင်မြစ်ရေ ဆက်တက်နေပြီး ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေကာ ရေဘေးဒုက္ခသည် တသောင်းခွဲကျော် ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်ခိုလှုံနေရပါတယ်။

အလားတူ ရွှေဂွန်းမှာလည်း သံလွင်မြစ်ရေ တက်တဲ့အတွက် ရေဘေးဒုက္ခသည် ၇၀၀ လောက် ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာတော့ ရေကြီးမှုကြောင့် ဘီးလင်းနဲ့ သထုံအကြား ပိတ်ထားတဲ့ အဝေးပြေးကားလမ်း ဒီကနေ့ နေ့လယ် ၂ နာရီမှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013