DVB Logo
Home
မြန်မာသတင်း
ဘားအံနှင့်မဒေါက် မြစ်ကမ်းအနီးနေသူများ ဘေးလွတ်ရာ ရွှေ့ပြောင်းရန် သတိပေး
DVB
·
July 30, 2018
ဘားအံနှင့်မဒေါက် မြစ်ကမ်းအနီးနေသူများ ဘေးလွတ်ရာ ရွှေ့ပြောင်းရန် သတိပေး
Donate to DVB

ဘားအံမြို့နယ်နဲ့ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်ကြသူတွေ မြစ်ရေကြီးမှုမှ ဘေးလွတ်ရာ ရှောင်ရှားဖို့ မိုးဇလက သတိပေးချက် ထုတ်ပြန်ပါတယ်။

မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ ပေဝက်ခန့် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည် ကျဆင်းနိုင်ပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၆ ပေခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၂ ပေလောက် ကျဆင်းနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနိုင်ပါတယ်။

ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနိုင်ပါတယ်။

သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၆ ပေခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခန့် ကျဆင်းနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ဒီနေ့မနက် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ ၉၃၈ စင်တီမီတာ ရောက်ရှိနေပြီး နှစ်ပေါင်း ၅၃ နှစ်အတွင်း အမြင့်ဆုံးရေမှတ် ဖြစ်ပါတယ်။ ယခင် အမြင့်ဆုံးရေမှတ်မှာ ပြီးခဲ့တဲ့ ၂၀၀၂ သြဂုတ် ၁၈ ရက်နေ့ တိုင်းတာရရှိထားတာက ၉၃၆ စင်တီမီတာ ဖြစ်ပါတယ်။

ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်တယ်လို့ မိုးဇလက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဘားအံမြို့နယ်နဲ့ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်ကြသူတွေ မြစ်ရေကြီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာ ရှောင်ရှားကြဖို့နဲ့ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူများအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013