DVB Logo
Home
မြန်မာသတင်း
ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိမှ ကျန်းမာရေးဆောင်းပါးများ ရေးသားဖော်ပြသင့်
DVB
·
July 30, 2018
ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိမှ ကျန်းမာရေးဆောင်းပါးများ ရေးသားဖော်ပြသင့်
Donate to DVB

အစားအစာနဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိမှသာ ရေးသားဖော်ပြသင့်တယ်လို့ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ စာရေးဆရာ ဆရာဝန်အဖွဲ့က အကြံပြုလိုက်ပါတယ်။

ဘာသာပြန်တတ်ဖို့ထက် ပိုတဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ လိုအပ်တဲ့အတွက် ကျန်းမာရေးဆောင်းပါးတွေ ရေးသားရာမှာ သတိပြုနိုင်ဖို့ စာရေးဆရာ ဆရာဝန်အသင်း နာယကကြီးက အကြံပြု ပြောဆိုလိုက်တာပါ။

လူမှုကွန်ရက်နဲ့ ပုံနှိပ်မီဒီယာတွေပေါ်မှာ ကျန်းမာရေးဆောင်းပါးတွေ ဖော်ပြရာမှာ ဘာသာပြန် မှားယွင်းမှုတွေ ရှိလာတဲ့အတွက် အများပြည်သူတွေ အသုံးချ မမှားအောင် ဇူလိုင်လ ၂၈ ရက်က ကျင်းပတဲ့ နှစ်ပတ်လည်ညီလာခံမှာ အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာလှကြည်က ပြောပါတယ်။

“ပြီးခဲ့တဲ့ တပတ်က ဂျာနယ်တစောင်မှာ နာနတ်သီးနဲ့ ပတ်သက်ပြီးတော့ပေါ့။ ကင်ဆာရောဂါအတွက် ကောင်းတယ်လို့ ရေးထားတယ်။ အချက်အလက် တော်တော်များများမှာ စာအုပ်တွေထဲက ရေးထားတာဆိုတော့ တော်တော်လေး မှန်ပါတယ်။ ဒါပေမယ့် တချက်မှာ ဘယ်လို ရေးထားလဲဆိုတော့ နာနတ်သီးမှာ သွေးဖြူဥတွေ ဖြစ်စေတဲ့ လစ်ပိုဆိုက်နဲ့ မိုနိုဆိုက်တွေ ပါတယ်လို့ ပြောတယ်။ လစ်ပိုဆိုက်၊ မိုနိုဆိုက် ဆိုတာက လူရဲ့သွေးထဲမှာရှိတဲ့ သွေးဖြူဥပေါ့။ နာနတ်သီးတွေမှာ ဘယ်လိုမှ မပါနိုင်ဘူး။ ဆရာ ထင်တာတော့ အဓိပ္ပာယ်လွဲသွားခြင်းသည် ဆရာဝန် မဟုတ်တဲ့အတွက်ကြောင့် သူဘာသာပြန်လွဲတယ်လို့ပဲ ထင်တယ်။”

မြန်မာနိုင်ငံဆရာဝန်အသင်းရဲ့ စာရေးဆရာ ဆရာဝန်အဖွဲ့မှာ မြန်မာပြည်အနှံ့အပြားက စာရေးတဲ့ ဆရာဝန်ပေါင်း ၃၂ဝ ဦး ရှိတယ်လို့ ၂ဝ၁၄ ခုနှစ်မှာ မှတ်တမ်းတင်ထားပါတယ်။

ကျန်းမာရေး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန်တွေက စာပိုရေးလာအောင် ကွန်ရက်တွေ ဖွဲ့စည်းသွားဖို့ရှိတယ်လို့ စာရေးဆရာ ဆရာဝန်အသင်း ဥက္ကဋ္ဌ စာရေးဆရာမ ဂျုးက ပြောပါတယ်။

“သိတဲ့သူ ရေးတာနဲ့ မသိတဲ့သူ ရေးတာ မီးခဲကို ကိုင်သလိုပေါ့ကွယ်၊ ပူမှန်း သိပြီးတော့ ကိုင်တာနဲ့ ပူမှန်းမသိဘဲ ကိုင်တာ ပူတာချင်းတော့ နည်းနည်းတော့ကွာတာပေါ့။ ဖြစ်ခဲ့တယ် ဆိုရင်တောင်မှပေါ့လေ။ ဆရာဝန် စာရေးဆရာတွေ များလာဖို့၊ ဆရာဝန် စာရေးဆရာတွေ စာရေးတဲ့အခါမှာ ကိုယ့်အချင်းချင်း အမှားလေးတွေ တွေ့ရင် ပြင်ပေးရမှာပေါ့။ ကိုယ်နဲ့နီးတဲ့သူကို ကိုယ် ပြင်ပေးမယ်ပေါ့။ ပြင်တဲ့အခါကျရင် အပြုသဘောလေးနဲ့ ပြောရမှာပေါ့။”

သဘာဝသစ်သီးသစ်ဥတွေက ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ လုပ်ငန်းတွေမှာ ခေတ်စားလာပြီးနောက် ပြည်ပ ကျန်းမာရေးဆိုင်ရာ ဘာသာပြန်ဆောင်းပါးတွေက အများပြည်သူတွေ စိတ်ဝင်စား စောင့်ဖတ်ကြတဲ့ အကြောင်းအရာတွေ ဖြစ်လာပါတယ်။

ရူပါအောင်ဝင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013