DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်း ရေနစ်မြုပ်နေ၍ လေကြောင်းသွားလာသူများ (ဓာတ်ပုံ)
DVB
·
July 30, 2018
မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်း ရေနစ်မြုပ်နေ၍ လေကြောင်းသွားလာသူများ (ဓာတ်ပုံ)
1 / 6
Donate to DVB

ဇူလိုင် ၂၆ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းလို့ မြစ်ရေလျှံတက်ပြီး မွန်ပြည်နယ်၊ ဘီးလင်းမြို့က လူနေရပ်ကွက်တွေနဲ့ မြို့အနီးက ဖြတ်သန်းသွားတဲ့ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ အစိတ်ပိုင်းတချို့ ရေနစ်မြုပ်နေဆဲ ဖြစ်ပါတယ်။

ဇူလိုင် ၃၀ ရက်နေ့အထိ မြစ်ရေထပ်တိုးလာခြင်းမရှိပေမယ့် ရေတန့်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေနဲ့ အဝေးပြေးလမ်းမမှာ ရေနစ်မြုပ်နေဆဲဖြစ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေက ဆက်လက်လုပ်ဆောင်နေရဆဲပါ။

ရေလျှံနေတဲ့အတွက် အဝေးပြေးလမ်းမမှာ အဝေးပြေးကုန်တင်ယာဉ်၊ ခရီးသွားယာဉ်တွေ သွားလာလို့မရဘဲ ပိတ်မိတာတွေရှိနေသလို၊ ရထားလမ်းမှာလည်း ရေနစ်မြုပ်နေလို့ ရထား ခရီးစဉ်တွေ ယာယီရပ်နားထားရလို့ လေယာဉ်နဲ့ ခရီးသွားလာသူတွေ များနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013