
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကို ၁လကျော်ကြာ ရပ်နားခဲ့ပြီး ဒီကနေ့ ဇူလိုင် ၃ဝ ရက်နေ့မှာ ပြန်လည်စတင်နေပြီဖြစ်ပါတယ်။
ဒီအစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၁ဝဝ ဦးရှိတဲ့အထဲက ၉၆ ဦးတက်ရောက်ပြီး ကိုယ်စားလှယ် ၁ဝ ဦးက ဒေသဖွံဖြိုးရေးနဲ့ဆိုင်တဲ့ မေးခွန်း ၁ဝ ခုကို မေးမြန်းခဲ့ကြပါတယ်။
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂ နှစ်ခွဲကျော်ကာလအတွင်း ပုံမှန်အစည်းအဝေး ၁၄ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၂ ကြိမ် စုစုပေါင်း ၁၇ ကြိမ်ထိ ကျင်းပနိုင်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်းပေါင်း ၇၉၈ ခု၊ ကြယ်ပွင့်မပြ ၃၂၇ ခု၊ အဆို ၂၁ ခုတို့ကို တင်သွင်းခဲ့ပြီး အဆို ၁၇ ခုကို အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီအနေနဲ့ မေးခွန်းမေးမြန်းမှုမှာ မေးခွန်း ၂ဝ ခုအထက်မေးမြန်းသူ ၉ ဦး၊ ၅ ခုအောက်မေးမြန်းသူ ၁၈ ဦးနဲ့ လုံးဝမေးမြန်းခြင်း မရှိသေးသူ ၁ ဦးရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မေးခွန်းနည်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်အစည်းအဝေးတွေမှာ ဒေသအကျိုးပြု၊ ပြည်သူ့ အကျိုးပြုမေးခွန်းတွေ မေးမြန်းကြဖို့ လွှတ်တော် ဥက္ကဋ္ဌက သတိပေးပြောကြားထားပါတယ်။










