DVB Logo
Home
မြန်မာသတင်း
ကော့သောင်းမြို့နယ်တွင် မြေပြို ၄ ဦးသေ၊ ၁ ဦး ဒဏ်ရာပြင်းထန်
DVB
·
July 30, 2018
ကော့သောင်းမြို့နယ်တွင် မြေပြို ၄ ဦးသေ၊ ၁ ဦး ဒဏ်ရာပြင်းထန်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပလုံးတုံတုံးကျေးရွာမှာ ဒီကနေ့မနက် ၆ နာရီလောက်က တောင်ပြိုမှုဖြစ်ပွားခဲ့လို့ လူ ၄ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

မနက်အစောပိုင်းက တောင်ပြိုတဲ့အတွက် တောင်ကမ်းပါးမှာ ဆောက်ထားတဲ့ အိမ်ငါးလုံး ပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ၄ ဦးထဲက သုံးဦးဟာ မိသားစုတွေ ဖြစ်တယ်လို့  ဒေသခံ ရွာသား ဦးဝင်းနိုင်က ပြောပါတယ်။

“တောင်ပြိုတာ အိမ် ငါးလုံးပါတယ်။ အဲဒီမှာ သေတာ မိသားစု သုံးယောက်ပေါ့နော်။ တခြားအိမ်က ကောင်မလေးတယောက်လည်း အိမ်နောက်ခန်းပြိုပြီး သူလည်း ဆုံးသွားတယ်။  ကျန်တဲ့တယောက်က မြေကြီးထဲ ပိမိလို့ ရွာသားတွေ ဝိုင်းကယ်တော့ တယောက်တော့ ရှင်တယ်။”

သေဆုံးသူ ၄ ဦးမှာ ၁၀ နှစ်အရွယ်ကလေး တယောက်၊ ၁၈ နှစ်လောက်အရွယ် မိန်းကလေးတယောက်နဲ့ အသက် ၄၀ လောက်အရွယ် ဇနီးမောင်နှံ နှစ်ယောက် ပါတယ်လို့ ပြောပါတယ်။

ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ၆ မိုင်စစ်ဆေးရုံကို ပို့ဆောင်ကုသနေပြီး သေဆုံးသူကိုတော့ ၂ မိုင် ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 

ပလုံးတုံတုံးကျေးရွာဟာ ကော့သောင်းမြို့နဲ့ ၄ မိုင်လောက်ဝေးတဲ့ ရေလယ်ကျွန်းရွာ ဖြစ်ပြီး အိမ်ခြေ ၂၀၀၀ ခန့်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013