DVB Logo
Home
မြန်မာသတင်း
မြန်မာသမ္မတ ထိုင်းပင်လယ်ဆိပ်ကမ်းကို သွားရောက်လေ့လာ
DVB
·
July 22, 2012
မြန်မာသမ္မတ ထိုင်းပင်လယ်ဆိပ်ကမ်းကို သွားရောက်လေ့လာ
1 / 2
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံကို
စရောက်တဲ့​ ​ဒီ​က​နေ့မှာပဲ ဘန်ကောက်အရှေ့တောင်ဘက်က ပင်လယ်ဆိပ်ကမ်းကို သွားရောက်လေ့လာပါတယ်။

ချွန်ဘူရီမြို့မှာရှိတဲ့ လယမ်း ချမ်းဘော ဆိပ်ကမ်းဟာ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ တိုက်ရိုက် ဆက်သွယ်မယ့် ဆိပ်ကမ်းဖြစ်ပါတယ်။

[caption id="attachment_28256" align="alignleft" width="214" caption="ဦးသိန်းစိန် ထိုင်းနိုင်ငံ လယမ်း ချမ်းဘော ဆိပ်ကမ်းကို လေ့လာစဉ်"][/caption]

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ထိုင်းကုမ္ပဏီဖြစ်တဲ့ အီတာလျံထိုင်းဖွံ့ဖြိုးရေးကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အမေရိကန် ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ ကုန်ကျမယ့် စီမံကိန်းရဲ့ တစိပ်တဒေသဖြစ်ပါတယ်။

အငြင်းပွားဖွယ် ဒီစီမံကိန်းရဲ့ တချို့ အပိုင်းတွေကို အကောင်အထည်ဖော်နေပြီး၊ လျော်ကြေးမပေးဘဲ မြေသိမ်းယာသိမ်းကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်လာနိုင်တဲ့ စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ ဒီနေ့တွေ့တဲ့အခါမှာ ထားဝယ်စီမံကိန်းနဲ့ ဆက်စပ်တဲ့ ကိစ္စတွေလည်း မဖြစ်မနေ ပါဝင်ဖို့ ရှိပါတယ်။

ထားဝယ်စီမံကိန်းနဲ့ပတ်သက်လို့ ကွင်းဆင်းလေ့လာမှုတွေလုပ်ပြီး၊ စာတမ်းတွေ ရေးသားနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက  ထားဝယ်စီမံကိန်းနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အခါမှာ စီမံကိန်း ဒေသက လူတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေကို သတိထားဖို့ အခုလို အကြံပြုပါတယ်။

“စီမံကိန်းလုပ်ငန်းတွေ အကောင်အထည် ဖော်ချင်တယ်ဆိုရင် ဗမာလူမျိုးတွေက လောဘကြီးတာ မဟုတ်ဘူး။ သူတို့ကို မက်လုံးပေးပြီး ရွှေ့ခိုင်းမယ်။ ဒီထက် သာတဲ့နေရာကို ရွှေ့ပေးမယ်ဆိုရင် ပြောင်းမှာပဲ။ တချို့ တောအရမ်းကျတဲ့ဘက်တွေကျတော့ ရှာဖွေစားသောက်တဲ့အဆင့်တော့ လုပ်တာ ရှိတယ်။ အဲဒီအခါကျရင် သူတို့ကို နည်းနည်း ပညာပေးတာမျိုး၊ စည်းရုံးဟောပြောတာမျိုး လုပ်ရမယ်။ စက်ရုံအလုပ်ရုံ ထောင်တဲ့အခါမှာလည်း အလိုအလျောက် လုပ်တဲ့စက်ကြီးတွေနဲ့ လုပ်မယ်ဆိုရင် ပြဿနာရှိတယ်။ တချို့က တောထဲမှာပဲ ရှာဖွေစားသောက်တဲ့ လူမှုစရိုက်က မြန်မာပြည်မှာ အများကြီး ရှိသေးတယ်။ အဲဒါတွေက တော်ရုံတန်ရုံ လုပ်နိုင်တဲ့အခွင့်အလမ်းက ပြန်မရနိုင်တော့ဘူး။ သူတို့ကို တိုက်ခန်းကောင်းကောင်း ရေမီးနဲ့ ပေးရင်တောင် သူတို့က မကျေနပ်နိုင်ဘူး။ အဲတော့ သူတို့ကို ဘာအလုပ်ပေးနိုင်မလဲ ဆိုတာကို ပြရတယ်။ on job training ပေးထားရမယ်။ သင်တန်းတက်တဲ့ကာလမှာ လစာတွေ ပေးထားရမယ်။  ပြီးတော့ရင် ဘယ်စက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုတာ ပြရမယ်။ ထားဝယ်မှာဆိုရင် အလိုအလျောက်စက်ကြီးတွေပါတဲ့အခါကျတော့ သဘာဝပတ်ကျင်ထိန်းသိမ်းရေးတွေ၊ နိုင်ငံရေးပါတီတွေက ထောက်ပြကြတော့ လူတွေက ကြောက်ပြီး အကုန်ဆန့်ကျင်တော့တာပဲ။”

မြန်မာသမ္မတရဲ့ ဒီခရီးစဉ်အတွင်းမှာ မြန်မာပြည်က လူသားအရင်းအမြစ် မြှင့်တင်ရေး၊ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ ရာထူး မြန်မာကလက်ခံရေးကိစ္စတွေအထိ ဆွေးနွေးဖို့ ရှိပြီး၊ နားလည်မှု စာချွန်လွှာတွေလည်း ဖလှယ်ဖို့ ရှိတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

ဒါအပြင် နယ်စပ်ဒေသမှာ သတင်းအချက်အလက်ဖလှယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စတွေကိုလည်း ဆွေးနွေးမယ့် အကြောင်းအရာထဲမှာ ပါဝင်နိုင်ပါတယ်။

ထိုင်း-မြန်မာ-အိန္ဒိယ အဝေးပြေးလမ်း စီမံကိန်းကိစ္စ၊ သောင်းရင်းမြစ်ပေါ်မှာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား နောက် ၁ စင်း တည်ဆောက်ရေးကိစ္စတွေလည်း ဆွေးနွေးဖို့ ရှိတယ်လို့ ထိုင်းအရာရှိတွေကို ကိုးကားပြီး ဆင်ဟွာသတင်းက ဆိုပါတယ်။

မြန်မာဘက်အခြမ်း ကော့သောင်းမှာ လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ အဖမ်းခံထားရတယ်လို့ ဆိုတဲ့ ထိုင်းလူမျိုး ၉၂ ယောက်ရဲ့ ကိစ္စကိုလည်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ထိပ်ဆုံးက ပါဝင်ဖွယ်ရှိပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မပြန်ခင် ဇူလိုင် ၂၄ ရက်နေ့မှာ ဘန်ကောက်က မြဘုရားကို သွားရောက် ဖူးမြော်ဖို့ရှိပါတယ်။

ဒီခရီးစဉ်ဟာ မေလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးနဲ့ တိုက်ဆိုင်နေတဲ့ ထိုင်းခရီးစဉ် ၂ ကြိမ်ဖျက်လိုက်ရတဲ့နောက်မှာ မြန်မာ သမ္မတအဖြစ်နဲ့  ဦးသိန်းစိန်ရဲ့ ပထမဆုံး ထိုင်းခရီးစဉ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013