DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ ရေနစ်မြုပ်နေဆဲ
DVB
·
July 30, 2018
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ ရေနစ်မြုပ်နေဆဲ
Donate to DVB

ဇူလိုင် ၂၆ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းလို့ မြစ်ရေလျှံတက်ပြီး မွန်ပြည်နယ်၊ ဘီးလင်းမြို့က လူနေရပ်ကွက်တွေနဲ့ မြို့အနီးက ဖြတ်သန်းသွားတဲ့ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ အစိတ်ပိုင်းတချို့ ရေနစ်မြုပ်နေဆဲဖြစ်ပါတယ်။

ဇူလိုင် ၂၉ ရက်နေ့အထိ မြစ်ရေထပ်တိုးလာခြင်းမရှိပေမယ့် ရေတန့်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေနဲ့ အဝေးပြေးလမ်းမမှာ ရေနစ်မြုပ်နေဆဲဖြစ်လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေက ဆက်လက်လုပ်ဆောင်နေရဆဲပါ။

ရေလျှံနေတဲ့အတွက် အဝေးပြေးလမ်းမမှာ အဝေးပြေးကုန်တင်ယာဉ်၊ ခရီးသွားယာဉ်တွေ သွားလာလို့မရဘဲ ပိတ်မိတာတွေရှိနေသလို၊ ရထားလမ်းမှာလည်း ရေနစ်မြုပ်နေလို့ ရထား ခရီးစဉ်တွေ ယာယီရပ်နားထားရပါတယ်။

လက်ရှိချိန်ထိတော့ ကုန်ကြောင်း ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာရေး လမ်းကြောင်းတွေ ယာယီပြတ်တောက်နေပါတယ်။

ဒါပေမယ့်လည်း တချို့ခရီးသွားဧည့်သည်တွေကတော့ ရေလျှံနေတဲ့ လမ်းပိုင်းနေရာက စက်တပ်သဗ္ဗာန်လှေတွေပြောင်းစီးကြပြီး ကုန်းတတန်၊ ရေတတန် ခရီးဆက်နေတာတွေလည်း ရှိနေကြပါတယ်။

ရေနစ်မြုပ်နေတဲ့ အဝေးပြေးလမ်းမနဲ့ဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွေကို သွားလာဖို့ အသုံးပြုတဲ့ တစ်ခုတည်းသော လမ်းမလည်းဖြစ်ပါတယ်။

မွန်ပြည်နယ်က ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြား အခုလို ရေကြီးနစ်မြုပ်လို့ ဘီးလင်းမြို့နဲ့ ကျိုက်ထိုမြို့တွေမှာ ကယ်ဆယ်ရေး စခန်းစုစုပေါင်း ၃၆ ခုဖွင့်လှစ်ထားရပြီး လူဦးရေ ၁ဝ၁၃၆ ယောက် ရေဘေးသင့်နေတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013