DVB Logo
Home
မြန်မာသတင်း
မြန်မာသင်္ဘောသား ၃ ဦးကို ထိုင်ဝမ်လေတပ် ရဟတ်ယာဉ်ဖြင့်ကယ်ဆယ်
DVB
·
July 30, 2018
မြန်မာသင်္ဘောသား ၃ ဦးကို ထိုင်ဝမ်လေတပ် ရဟတ်ယာဉ်ဖြင့်ကယ်ဆယ်
Donate to DVB

မြန်မာနိုင်ငံသား ၃ ဦး ဓာတုဗေဒ ယိုစိမ့်မှုဖြစ်ပွားလို့ ဒဏ်ရာရရှိခဲ့ပြီးနောက် သင်္ဘော တစီးပေါ်ကနေ ရဟတ်ယာဉ်နဲ့ သွားရောက် ကယ်ဆယ်ခဲ့ရတယ်လို့  ထိုင်ဝမ်သတင်း ဝက်ဆိုက်မှာဖော်ပြပါတယ်။

“Stellar Orchid” အမည်ရှိသင်္ဘောဟာ ဓာတုဗေဒပစ္စည်းတွေ  ထိုင်ဝမ် အနောက်တောင်ဘက် ကောက်ရှုံ့ ကမ်းရိုးတမ်းဒေသကို သယ်ယူပို့ဆောင်စဉ် မြန်မာ သင်္ဘောသား ၃ ဦးဟာ မျက်လုံးတွေနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာရရှိခဲ့တာလို့ စင်ထရယ် သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

ကမ်းရိုးတမ်းကနေ ရေမိုင် ၁၂၅ မိုင်လောက်ဝေးတဲ့ နေရာကို ကျားယိ ထိုင်ဝမ်လေတပ် အခြေစိုက် စခန်းကနေ ရဟတ်ယာဉ် တစ်စီးစေလွှတ်ခဲ့ပြီး မြန်မာသင်္ဘောသား ၃ ယောက်ကို ကယ်ဆယ်ခဲ့တဲ့တယ်လို့ ဆိုပါတယ်။

စနေနေ့ ည သန်းခေါင်ကျော်လောက်မှာ ကောက်ရှုံ့ဆိပ်ကမ်းမြို့ရှိ ရှောင်ကန်း  လေဆိပ်ကို ရောက်ရှိလာပြီး ဆေးကုသမှုခံယူဖို့ ဆေးရုံကို ဆက်လက်ပို့ဆောင်ပေးခဲ့တယ် သူတို့ရဲ့ အသက်အန္တရယ် စိုးရိမ်စရာမရှိဖူးလို့ ဆိုပါတယ်။

မြန်မာသင်္ဘောသားတွေ ဘယ်လိုဒဏ်ရာရခဲ့တယ်၊ ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ ဓာတုဗေဒ ပစ္စည်း တွေဟာ ဘယ်လို အမျိုးအစားတွေလဲဆိုတာနဲ့ ပတ်သက်ပြီး  အသေးစိတ် မသိရှိရသေးပါဘူး။

ဓာတ်ပုံ -Taiwannews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013