DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်တွင် မုက္ခမူတာ ကျိုးပေါက်၊ ကျေးရွာတချို့ရေနစ်မြုပ်
DVB
·
July 30, 2018
ညောင်လေးပင်မြို့နယ်တွင် မုက္ခမူတာ ကျိုးပေါက်၊ ကျေးရွာတချို့ရေနစ်မြုပ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဇူလိုင် ၂၉ ရက်က မုက္ခမူတာ ကျိုးပေါက် သွားတာကြောင့် ကျေးရွာတချို့ ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရပါတယ်။

စိုင်ကွလေးကျေးရွာနဲ့ လေးအိမ်စုရွာကြားက မုက္ခမူတာ ကျိုးပေါက်သွားခဲ့တာဖြစ်ပြီး ငါးကျီးအိုင်ရွာ၊ ဗမော်တောရွာ၊ ဧက ၅၀၀ ရွာ၊ ချောင်းကျိုးရွာ၊ စည်ပင်ရွာ၊ လေးအိမ်စုရွာတွေ ရေနစ်နေရတာ ဖြစ်ပါတယ်။

ချောင်းကျိုးကျေးရွာနေ ဦးစိုးဝင်းက “ရွာက စစ်တောင်းမြစ်ရေတက်ထဲက ရေကြီး နေတာပါ။ ခုတာကျိုးသွားတော့ ရေပိုဝင်လာတာပေါ့။ ခုအိမ်အောက်မှာဆိုရင် လူတရပ် အမြင့်လောက်မြုပ်နေပြီ”လို့ ပြောပါတယ်။

မြို့နယ်ငါးဦးစီးမှူး ဦးစန်းဝင်းက “ကျိုးပေါက်သွားတဲ့တာနဲ့ ရေကအပေါ်အောက် ၃ လက်မ၊ ၄ လက်မ လောက်ပဲ ကွာတာကြောင့် စိုးရိမ်ရတဲ့အခြေအနေ မရှိနိုင်သေးသလို အခုဖြတ်ဝင်သွားတဲ့ ရွာတွေကလည်း စစ်တောင်းမြစ်နဲ့ ဆက်စပ်နေတဲ့  ရွာတွေဖြစ်နေ တာကြောင့် ရေပိုသွားတဲ့ အနေအထားလောက်ပဲ ရှိမှာပါ။ မုက္ခမူတာ ကျိုးတာက ပြဿနာ သိပ်မရှိနိုင်ပါဘူး။ နောက်ပြီး အဲ့ဒီရွာတွေက တာမကျိုးခင်ထဲက ရေဝင်ရောက်နေတဲ့ရွာတွေပါ။ တာကျိုးသွားတော့ ရေနည်းနည်း ပိုများသွားနိုင်တာပဲ ရှိမှာပါ”လို့ ပြောပါတယ်။

မုက္ခမူတာ ကျိုးသွားတာနဲ့ပတ်သက်ပြီး အဆိုပါကျေးရွာတွေက ရေကြီးနစ်မြုပ်သွားတဲ့  စိုက်ဧကနဲ့ ရေဘေးသင့်တဲ့ လူနဲ့တိရစ္ဆာန်တွေရဲ့ စာရင်းတွေကိုတော့ မသိရသေးပါဘူး။

ညောင်လေးပင်မြို့နယ်မှာ၊  မုက္ခမူတာ ကျိုးပေါက်မှုဖြစ်ပေါ်နေလို့ ပတ်ဝန်းကျင်မ ကျေးရွာတွေ ရေ၀င်ရောက်ပြီး ရေကြီးရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ဆောင်ရွက်ကြဖို့ လူကယ်ပြန်ဌာနက တိုက်တွန်း နိုးဆော်ထားပါတယ်။

ရေဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေးအတွက် အစိုးရအနေနဲ့ သက်ဆိုင်ရာဌာနတွေ လူမှုအဖွဲ့အစည်းတွေနဲ့  ပူးပေါင်းဆောင်ရွက်လျက်နေပြီး ဖုန်းနံပတ် ၀၆၇၃၄၀၄၆၆၆/၀၆၇၃၄၀၄၇၇၇ ကို အရေးပေါ်ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ လည်းဆိုပါတယ်။

သတင်း-နေလင်းထိုက်၊ ဓာတ်ပုံ - မြို့နယ်ငါးဦးစီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013