DVB Logo
Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ၍ ကြအိုကျေးရွာ ​ဝါးထရံရက်​လုပ်​ငန်း တွင်ကျယ်လာ
DVB
·
July 30, 2018
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ၍ ကြအိုကျေးရွာ ​ဝါးထရံရက်​လုပ်​ငန်း တွင်ကျယ်လာ
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး ​ညောင်​ဦးခရိုင်​၊ ​ညောင်​ဦးမြို့နယ်​ ကြအို​ကျေးရွာမှာ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာတာကြောင့် ​ဒေသခံတွေရဲ့ ဝါးထရံလုပ်​ငန်း တွင်​ကျယ်​လာပြီး အဆင်​​ပြေ​နေကြတယ်​လို့ ​ဒေသခံ ဝါးလုပ်​ငန်းလုပ်​ကိုင်​သူ ဦး​အောင်​စိုးက ပြောပါတယ်​။

“အရင်​ကတည်းက လုပ်​ခဲ့တာ​ ဘိုးစဉ်​​ဘောင်​ဆက်​လို့ ​ပြောလို့ရ​ပေမယ့် အခုအချိန်​မှာ လမ်းပန်းဆက်​သွယ်​​ရေး​တွေလည်း​ ကောင်းလာပြီး ဝါးဆိုရင်​လည်း ဝါးကုန်​သည်​​တွေက ​နေပြည်​​တော်​ဘက်​က​နေ ရွာအထိ အ​ရောက်​ပို့တယ်​။ ​​ငွေကိုလည်း ကားတ​စီးလာရင်​ ဘယ်​သူ ဘယ်​နှ​လုံးဆို ခွဲယူထားပြီး ​နောက်​အ​ခေါက်​မှ ​ငွေရှင်းရတာ။ ကုန်​​ချော ထရံလိပ်​​တွေ ဆိုရင်​လည်း အရင်​ကထက်​ အခုဆိုရင်​ ​ချောက်​၊ မ​ကွေး၊ ပခုက္ကူ၊ ကံမ၊ ဆိပ်​ဖြူ၊ မင်းဘူးအထိ တင်​ပို့​နေရ​တော့ အခုဆိုရင်​ ဒီဝါးလုပ်​ငန်း တ​ရွာလုံး ၉၀ ရာခိုင်​နှုန်း​လောက်​ လုပ်​ကိုင်​​နေကြတာ​ပေါ့။”

ကြအို​ကျေးရွာမှာ အိမ်​​ခြေ ၂၉၅ အိမ်​ရှိပြီး ဝါးထရံ ယက်​လုပ်​ငန်း လုပ်​ကိုင်​သူမှာ ၂၈၀ လောက်ရှိ​ပါတယ်။ လူတ​ဦးကို​ တရက်​ ပျမ်းမျှ ဝင်ငွေ​ ၃ ​ထောင်​ကနေ ၅ ​ထောင်​ ဝင်​​ငွေရရှိ နေတယ်လို့ ဆိုပါတယ်​။

အဆိုပါ ​ကျေးရွာ​နေ ဦးစိုးလွင်​က “​တောင်​သူလုပ်​ငန်းက မိုးကို​မျှော်​ရတယ်။ လူဦး​ရေနဲ့ ​မြေ​နေရာက ဒီဘက်​မှာ မမျှတော့ဘူး​လေ။ အခုက အရိပ်​ထဲမှာပဲ ​အေး​အေး​ဆေး​ဆေး လုပ်​​နေကြရ​တော့ စိုက်​ပျိုး​ရေးထက်​ ဒီလုပ်​ငန်းကိုပဲ ပိုလုပ်​ဖြစ်​တာ​ပေါ့၊ အခု ရွာမှာ လုပ်​​နေတယ်​ ဆိုတာကလည်း ဒါဝါတွင်းဖြစ်​​နေလို့ ဒီရွာက ဝါးထရံရက်​တဲ့ လူ​တော်​​တော်​များများကလည်း သီတင်းကျွတ်​ရင်​ ​အောက်​ပိုင်း​တွေ ဆင်းပြီး ထရံရက်​လုပ်​ငန်း သွား​ရောက်​လုပ်​ကိုင်​ကြတယ်​” လို့ ​ပြောပါတယ်​။

ဝါးအမျိုးစား အ​နေနဲ့ တင်းဝါးကို အဓိကထား အသုံးပြုကြပြီး တလုံးကို ၅၀၀ မှ ၅၅၀ ဝယ်​ယူကြရ​ကြောင်းနဲ့ အရှည်​ ၁၅ ​ပေ၊ အနံ ၅ ​ပေ မှ ၈ ​ပေအထိကို ၄၅၀၀ ကျပ်​မှ ၇၅၀၀ ကျပ်​အထိ တင်​ပို့​ရောင်းရတယ်လို့ ဆိုပါတယ်။

“အခုချိန်​က​တော့ ကိုယ့်အိမ်​ ကိုယ့်ရွာမှာ လုပ်​ရတာ သိပ်​ပြီး​တော့ အပိုအလျှံ မဖြစ်​ဘူး။ ​အောက်​ပိုင်းထွက်​ပြီဆိုရင်​​တော့ ပိုလာကြတာ​​ပေါ့။ ​အောက်​ပိုင်း ဆိုတာကလည်း သီတင်းကျွတ်​က သွားပြီး သင်္ကြန်​ပြီး ၅ လပိုင်းထဲ ၆ လလောက်​ထွက်​လိုက်​ပြီး ပြန်​လာရင်​ တ​ဦးကို ၁၀ သိန်း​လောက်​​တော့ စုမိကြတယ်​” လို့ ဦးစိုးလွင်​က ​ပြောပါတယ်​။

ကျေးရွာနေ ဝါးထရံရက်​လုပ်​တဲ့လူ​တွေက ​ ဒိုက်​ဦး၊ ဘုရားကြီး၊ ရန်​ကုန်​၊ပြည်​၊ ​ပေါင်းတည်​၊ ပြည်နဲ့ အုတ်​တင်​တို့ကို သွားလုပ်ကြပြီး ဝါးဒိုင်​ပိုကြီးပြီး လုပ်​ငန်းပိုများ​တဲ့ ​ဖောင်​ကြီးဘက်​ကို အများဆုံး သွားကြတယ်လို့ ဆိုပါတယ်။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013