DVB Logo
Home
မြန်မာသတင်း
မြို့ ၇ မြို့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ
DVB
·
July 30, 2018
မြို့ ၇ မြို့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ
Donate to DVB

ဒီနေ့မနက် ၆ နာရီခွဲ တိုင်းတာချက်အရ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတဲ့ မြို့ ၇ မြို့ရှိတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

တောင်ငူ၊ မဒေါက်၊ ရွှေကျင်၊ ပဲခူး၊ ဘားအံ၊ သာပေါင်းနဲ့ ဘီးလင်းမြို့တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေတာပါ။

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ ကနေ ၆၂၀ စင်တီမီတာ၊ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ ကနေ ၁၂၅၉ စင်တီမီတာအထိ ရောက်နေပါတယ်။

ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ် ၇၀၀ ကနေ ၈၀၂ စင်တီမီတာ၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၈၀ ကနေ ၉၁၆ စင်တီမီတာအထိ ကျော်လွန်နေတာပါ။

သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ ကနေ ၉၃၈ စင်တီမီတာ၊ င၀န်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၂၀ ကနေ ၆၂၂ စင်တီမီတာနဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၂၂ ကနေ ၁၀၇၀ စင်တီမီတာအထိ အသီးသီးကျော်နေ ရောက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စိုးရိမ်ရေမှတ်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ မြို့တွေကတော့ ဟင်္သာတ၊ ဇွန်၊ ငါးသိုင်းချောင်း၊ ပုသိမ်နဲ့ မအူပင်မြို့တို့ဖြစ်ပါတယ်။

စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတဲ့ မြို့တွေရဲ့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်ကြသူတွေအနေနဲ့ မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာကို ရှောင်ရှားကြဖို့နဲ့ သတိပြုနေထိုင်ကြဖို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013