DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဘဏ်က ကျပ်သိန်း ၁ သောင်း လှူဒါန်း
DVB
·
July 29, 2018
ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဘဏ်က ကျပ်သိန်း ၁ သောင်း လှူဒါန်း
Donate to DVB

ရေကြီးရေလျှံဖြစ်နေတဲ့ ဒေသတွေအတွက် ကျပ်သိန်းပေါင်း ၁ သောင်းလှူဒါန်းမယ်လို့ ကမ္ဘောဇဘဏ်နဲ့ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းထဲက ရေဘေးသင့်သူတွေကို ကူညီမှာ ဖြစ်ပြီး ဒီနေ့မှာတော့ ကရင်ပြည်နယ်ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကရင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ နေရာအသီးသီးမှာ အချိန်နဲ့ တပြေးညီ အသုံးပြုနိုင်အောင် ငွေကျပ် သိန်း ၅၀၀ ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာအခွန်နဲ့ စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို ပေးအပ်ခဲ့တာပါ။

ဦးသန်းနိုင်က “နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပဂ္ဂိုလ်ကလည်း ရေကျလို့ အိမ်ပြန်ချိန်မှာ နောက်ထပ် နှစ်ရက်၊ သုံးရက်စာ အစားအသောက်တွေ ထည့်ပေးဖို့ လမ်းညွှန်ခဲ့တာကြောင့် အခုအလှူငွေနဲ့ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖောင်ဒေးရှင်းအနေနဲ့ ငွေကျပ်သိန်းပေါင်း ၁ သောင်းကို ရေကြီးရေလျှံဖြစ်နေတဲ့ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းက ရေဘေးသင့်သူတွေကို ဆက်ပြီးကူညီသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ရေကြီးတာတွေဖြစ်ပေါ်နေပြီး ဇူလိုင် ၂၈ ရက်နေ့အထိ ရေဘေးသင့်စခန်း ၁၆၃ ခု အိမ်ထောင်စုပေါင်း ၁၁၆၅၁ စုနဲ့ လူပေါင်း ၅၄၂၉၇ ဦးတို့ ရေဘေးဒုက္ခခံစားနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013