DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့်သူများအတွက် မြင်းခြံကျောင်းသားများသမဂ္ဂ အလှူငွေကောက်ခံ
DVB
·
July 29, 2018
ရေဘေးသင့်သူများအတွက် မြင်းခြံကျောင်းသားများသမဂ္ဂ အလှူငွေကောက်ခံ
Donate to DVB

ရေ​ဘေးသင့် ပြည်​သူ​တွေအတွက် မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့ နည်းပညာ​ကောလိပ်​​ကျောင်းသားများသမဂ္ဂအဖွဲ့ အလှူငွေ ကောက်ခံနေပါတယ်။

ကျောင်းသား/သူ ၁၅ ​ယောက်​ပါဝင်​တဲ့ အဖွဲ့ဟာ ပဲခူးတိုင်း​ဒေသကြီးနဲ့ ကရင်​ပြည်​နယ်​​တွေမှာ ​ရေ​ဘေးသင့်ဒဏ်​ခံစား​နေရတဲ့ ပြည်​သူ​တွေအတွက် ကူညီမှု​တွေ​ပေးသွားနိုင်ဖို့​ ရည်​ရွယ်​ပြီး ဇူလိုင်​ ၂၈ ရက်​မှ စတင်ကာ မြင်းခြံမြို့တွင်း လှည့်လည်​ကာ ​တေးသီးချင်းတွေ သီဆိုတီးခတ်​ပြီး အလှူ​ငွေ​တွေ လိုက်​လံ ကောက်​ခံ​နေပါတယ်​။

မြင်းခြံ နည်းပညာ​ကောလိပ်​ ​ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုရဲမင်းနိုင်​က "ခုဆိုရင်​ ကရင်​ပြည်​နယ်​​ နဲ့ ပဲခူးတိုင်းမှာ ​ရေ​တွေ နှစ်​မြုပ်နေတယ်​။ ​ရေနှစ်​မြုပ်ေ​နေတဲ့ ရွာ​တွေကို သွားပြီး ကျ​နော်​တို့ အလှူခံလို့ရတဲ့​ ငွေနဲ့ ပစ္စည်း​တွေကို သွား​ရောက်​ပြီး လှူဒါန်းသွားမှာပါ။ ကျ​နော်​တို့ ၃ ရက်​ အလှူခံသွားဖို့ရှိပါတယ်​၊ ကျ​နော်​တို့ သမဂ္ဂအ​နေနဲ့ အလှူခံထွက်​တာဟာ ပထမဆုံးအကြိမ်​ပါ။ ​ရေ​ဘေးဒဏ်​ခံစား​နေရတဲ့ ပြည်​သူ​တွေအတွက်​ တက်​နိုင်​တဲ့ဘက်​က ပါဝင်​ကူညီတာပါ၊ ပြီး​တော့ ပဲခူး ကျောင်းသားသမဂ္ဂနဲ့ ချိတ်​ဆက်​ပြီး သွား​ရောက်​လှူဒါန်းသွားမှာ ဖြစ်​တယ်​လို့ ဒီဗွီဘီကို ​ပြောပါတယ်။

"ခုရေ​ဘေးသင့်​နေတဲ့ ပြည်​သူ​တွေကို အစိုးရအ​နေနဲ့ ကူညီ​ထောက်​ပံ့မှု​တွေ ဒီထက်​ပို​ပြီးပေး​စေချင်​ပါတယ်​။ လက်​ရှိမှာ​တော့ အစိုးရအ​နေနဲ့ သိပ်ပြီး ထိ​ရောက်​​အောင်​ ကူညီမှု​တွေ မပြုလုပ်​နိုင်​​သေးဘူးလို့ပဲ မြင်​ပါတယ်​လို့. နည်းပညာ​ကောလိပ်​​ကျောင်းသား ကိုချမ်းငြိမ်းက ပြောပါတယ်​။

မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ရေကြီးတာတွေဖြစ်ပေါ်နေပြီး ဇူလိုင် ၂၈ ရက်နေ့အထိ ရေဘေးသင့်စခန်း ၁၆၃ ခု အိမ်ထောင်စုပေါင်း ၁၁၆၅၁ စုနဲ့ လူပေါင်း ၅၄၂၉၇ ဦးတို့ ရေဘေးဒုက္ခခံစားနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013