DVB Logo
Home
မြန်မာသတင်း
Ve Ve အချိုရည်စက်ရုံ ဆန္ဒပြ
DVB
·
July 22, 2012
Ve Ve အချိုရည်စက်ရုံ ဆန္ဒပြ
1 / 2
Donate to DVB

မန္တလေးတိုင်းဒေသကြီး မန္တလေး စက်မှုဇုန် ၁  မြ၀တီမင်းကြီးလမ်းရှိ Ve Ve အချိုရည် စက်ရုံမှာ ပေးတဲ့လစာနဲ့ စားဝတ်နေရေး မပြေလည်တာကြောင့် ဒီနေ့မနက်မှာ အလုပ်သမားတွေ ဆန္ဒပြနေပါတယ်။

ဒီနေ့ ၇ နာရီခွဲလောက်ကနေ စတင် ဆန္ဒပြတာဖြစ်ပြီး အခြေခံအလုပ်သမား အဖွဲ့ဖွဲ့စည်းခြင်းအပါအ၀င် တခြား အချက် ၁၄ ချက်ကို တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြတဲ့နေရာကို ရောက်ရှိနေတဲ့ ဒီဗွီဘီ သတင်းထောက် က ပြောပါတယ်။

အလုပ်သမား ၂၀၀ ကျော်လောက်ရှိတဲ့ ဒီစက်ရုံက လုပ်သား ၆၀ လောက်ပါဝင် ဆန္ဒပြခဲ့ပြီး နည်းပါးတဲ့ အခြေခံလစာတိုးမြှင့်ပေးဖို့နဲ့ အချိန်ပိုကြေးပေးဖို့ နားရက်ပေးဖို့ တောင်းဆိုတယ်လို့ ဒီဗွီဘီ သတင်းထောက် က ပြောပါတယ်။

“သူတို့ တောင်းဆိုထားတာက လက်ရှိရနေတဲ့ အခြေခံမူရင်းလစာကို အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ၅၆၇၀၀ ထက် မနည်းတဲ့တန်ဖိုးပေါ့။ ၇ သောင်း တိုးမြှင့် သတ်မှတ်ပေးဖို့ တောင်းဆို ထားတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အလုပ်ပိတ်ရက် အတိုင်းပဲ ပေးရမယ်။ အလုပ်ချိန်ကိုလည်း နိုင်ငံတကာ သတ်မှတ်ချက်အတိုင်း လုပ်ဖို့ တောင်းဆိုထားတယ်။ အလုပ်ဆင်းချိန်ကို တရက်ကို ၈ နာရီထက်ကျော်သွားရင် အချိန်ပိုကြေးပေးဖို့၊ ခံစားခွင့်ငွေကြေးကို သူတို့ ၃ ထောင်ပဲရတယ်။ ဒါကို ၁ သောင်း သတ်မှတ်ပေးဖို့လည်း တောင်းဆိုထားတယ်။ နောက် ရက်မှန်ကြေးကို တလလုံး ပျက်ရက်မရှိရင် ၂ သောင်းကျပ်ထိ တိုးပေးဖို့ တောင်းဆိုထားတယ်။ နေမကောင်းဖြစ်တာတို့ကြောင့် အလုပ်ပျက်ရင် တရက်ပျက်ရင် တရက်ကြေးပဲဖြတ်ဖို့တို့ပါ။”

အချိန်ပိုကြေးကို ၁ လ ၅ ထောင် သတ်မှတ်ထားပေမယ့် အပြည့်အ၀ မရရှိသလို အလုပ်သမားအများစုရဲ့ ၀င်ငွေဟာ ၆ သောင်းတောင် မပြည့်တဲ့အတွက် အခုလို တောင်းဆိုတာလို့ ဆိုပါတယ်။

ဒီစက်ရုံမှာ အခြေခံလစာဟာလည်း ၁ သောင်းခွဲကနေ ၁ သောင်း ၈ ထောင် သတ်မှတ်ထားပြီး ရက်မှန်ကြေးကိုလည်း ၁ သောင်း ၃ ထောင် သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေဟာ တနင်္ဂနွေနေ့မှာလည်း အလုပ်ဆင်းရသလို အစိုးရရုံးပိတ်ရက်တွေမှာလည်း နားရက်မရရှိတဲ့အကြောင်း၊ တနင်္ဂနွေ ၁ ရက်ပျက်ရင် ၈ ထောင်ကျပ် နုတ်ယူသလို ကြားရက်မှာ ပျက်ရင်တော့ ရက်မှန်ကြေး မပေးတော့ဘူးလို့လည်း ဆိုပါတယ်။

စက်ရုံတာဝန်ခံက စက်ရုံပိုင်ရှင်နဲ့ ညှိပေးမယ်လို့ ပြောဆိုခဲ့တဲ့အတွက် ဆန္ဒပြပွဲ ပြီးဆုံးသွားတယ်လို့ ဆိုပါတယ်။

Ve Ve အချိုရည်စက်ရုံမှာ စက်ရုံတွင်းအလုပ်သမား ၂၀၀ ကျော်ရှိပြီး အလုပ်သမား ၃၀ ကျော် ၄၀ လောက်ဟာ အသက် ၁၃ နှစ်နဲ့ အထက် ကလေးတွေ ဖြစ်တယ်လို့လည်း ဒီဗွီဘီသတင်းထောက် က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013