DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ဘဏ္ဍာဖြင့် ပြည်သူကို ပြန်ထောက်ပံ့ပေးခြင်းဖြစ်ဟု လူကယ်ပြန်ဝန်ကြီးပြော
DVB
·
July 29, 2018
ပြည်သူ့ဘဏ္ဍာဖြင့် ပြည်သူကို ပြန်ထောက်ပံ့ပေးခြင်းဖြစ်ဟု လူကယ်ပြန်ဝန်ကြီးပြော
Donate to DVB

ပြည့်သူဘဏ္ဍာနဲ့ ပြည်သူကို ပြန်ထောက်ပံ့ပေးတာဖြစ်ပြီး အလေအလွင့်မရှိအောင် ကြိုးစားနေတယ်လို့ ရေဘေးဒုက္ခသည်တွေကို လူကယ်ပြန်ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဒီနေ့ မနက် ၁၁ နာရီမှာ လူမှု့ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာဦးဝင်းမြတ်အေးဟာ စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေဘေးသင့်နေသော ပဲခူတိုင်း ကျောက်တံခါးမြို့နယ် အနန်းဘော်ကျေးရွာအုပ်စုက ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပြီး အခုလို ပြောကြားခဲ့တာပါ။

“ပြည်သူ့ဘဏ္ဍာက ပြည်သူ့ငွေနဲ့ ပြည်သူတွေလက်ထဲကို ကျနော်တို့က မဖိတ်မစင် အလေအလွင့်မရှိအောင် ကြိုးစားပမ်းစား ဆောင်ရွက်ပေးတာပါ။ ပြည်သူ့ပိုက်ဆံ ပြည်သူဆီ ပြန်ရောက်တာပါ။ ဒါကြောင့်မိုလို့ ပြည်သူများကလည်း အခုထောက်ပံ့ငွေတွေကို ပူပေါင်း ကူညီဆောင်ရွက်ပေးစေချင်ပါတယ်။”

စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ကျောက်တံခါးမြို့နယ်မှာ ရေဘေးသင့် ကျေးရွာအုပ်စု ၄ ခုမှ လူဦးရေ ၃၉၂၀ အတွက် ၂၁၀၀ ကျပ်နှုန်းနဲ့ ၈၂၃၂၀၀၀ ကျပ် လှူဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင် အနန်းဘော်ကျေးရွာအုပ်စုအတွင်းရှိ ရေဘေးခံစားနေရတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ၆ လအောက် ကလေးငယ် စုစုပေါင်း ၁၁၆ ယောက်အတွက် တဦးကို ၃၀၀၀၀ နှုန်း ကူညီပံ့ပိုးပေးခဲ့ပါတယ်။

လူကယ်ပြန်ဝန်ကြီးနဲ့အဖွဲ့ဟာ စစ်တောင်းမြစ်ရေဝင်ရောက်မှု မဖြစ်အောင် ကာရံထားတဲ့ နတ်သံကွင်းကျေးရွာရှိ တာတမံတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဗိုလ်သူရိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013