DVB Logo
Home
မြန်မာသတင်း
ဘီးလင်းတမြို့လုံးနီးပါး ရေလွှမ်းမိုးမှုအခြေနေ ၀န်ကြီးချုပ် ဒေါက်တာအေးဇံကို မေးမြန်းချက် (ရုပ်သံ)
DVB
·
July 29, 2018
ဘီးလင်းတမြို့လုံးနီးပါး ရေလွှမ်းမိုးမှုအခြေနေ ၀န်ကြီးချုပ် ဒေါက်တာအေးဇံကို မေးမြန်းချက် (ရုပ်သံ)
Donate to DVB

မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ရေကြီးတာတွေဖြစ်ပေါ်နေပြီး ရေဘေးသင့်စခန်း ၁၆၃ ခု အိမ်ထောင်စုပေါင်း ၁၁၆၅၁ စုနဲ့ လူပေါင်း ၅၄၂၉၇ ဦးတို့ ရေဘေးဒုက္ခခံစားနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ထားပါ။

မွန်ပြည်နယ်မှာတော့ ဘီးလင်းမြို့ဟာ တမြို့လုံးနီးပါး ရေလွှမ်းမိုးမှုဒဏ် ခံနေရတာပါ။ ဘီးလင်းမှာ ရေဘေးသင့်ပြည်သူ ၁ သောင်းနီးပါးအတွက်  ကယ်ဆယ်ရေးစခန်း ၄ဝ လောက် ဖွင့်လှစ်ထားရပါတယ်။ အဝေးပြေးကားလမ်းကိုလည်း ပိတ်ထားတာကြောင့် ခရီးသွားပြည်သူတွေ ပိတ်မိနေသလို ကုန်စည် ပို့ဆောင်မှုအတွက် အခက်အခဲ ဖြစ်နေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံကို ဒီဗွီဘီသတင်းထောက် ညီငယ်က ဘီးလင်းမြို့မှာ သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။

အပြည့်အစုံ ရုပ်သံကြည့်ရှုရန်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013