DVB Logo
Home
မြန်မာသတင်း
ပလိပ်​ ပန်​ဒါချည်​မျှင်​စက်​ရုံ အလုပ်​သမား ၂၅၀ ကျော်​ဆန္ဒပြ
DVB
·
July 29, 2018
ပလိပ်​ ပန်​ဒါချည်​မျှင်​စက်​ရုံ အလုပ်​သမား ၂၅၀ ကျော်​ဆန္ဒပြ
1 / 5
Donate to DVB

မန္တ​လေးတိုင်း စဥ့်ကိုင်​မြို့နယ်​နယ်​ ပလိပ်​ပန်​ဒါချည်​မျှင်​နဲ့အထည် ​အ​ချောကိုင်​စက်​ရုံက အလုပ်​သမား ၂၅၀ ဟာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ပြန်​လည်​ချုပ်​ဆိုရတဲ့အ​ပေါ် ​ကျေနပ်​မှုမရှိတဲ့အတွက်​ အချက်​ ၆ ချက်​​ကို ဒီနေ့ မနက်က တောင်းဆိုဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်​။

အလုပ်​မှထုတ်​ပယ်ထားတဲ့ ဝန်​ထမ်းတွေကို ပြန်​လည်​ခန့်​ထား​ပေး​ရေး၊ ဥပ​ဒေမဲ့ လုပ်​ရပ်​တွေကို အလုပ်​ရှင်​မှအမြန်​ဆုံး ရပ်​တန့်​​ပေး​ရေး၊ ဥပ​ဒေကိုချိုး​ဖောက်​​နေ​သော အလုပ်​ရှင်​အား အလုပ်​သမားဝန်​ကြီးဌာနမှ အမြန်​ဆုံးအ​ရေးယူ​ဆောင်​ရွက်​​ပေး​ရေး၊ လွှဲ​ပြောင်းခံ နိုင်​ငံဝန်​ထမ်းများ၏ လုပ်​ငန်းခွင်​ ဘဝအာမခံချက်​​ရရှိ​ရေး၊ စာချုပ်​များကို အကြိမ်​ကြိမ် ​ချိုး​ဖောက်​​နေ​သော ပန်​ဒါကုမ္ပဏီ အလိုမရှိ၊ ဥပ​ဒေကို ချိုး​ဖောက်​​သော ပန်​ဒါကုမ္ပဏီ အလိုမရှိ စတဲ့​ ကြွေး​ကြော်​သံ​တွေကို ​ကြွေး​ကြော်​ပြီး ပလိပ်​စက်​ရုံးဝင်းအတွင်း အလုပ်​သမားသက်​သာ ခန်းမက​နေ ပလိပ်​မြို့ဝန်​ ဆိုင်းဘုတ်​အထိ လမ်း​လျောက်​​တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ပလိပ်​ပန်​ဒါအထည်​စက်ရုံက အလုပ်​သမားထုဟာ လွှဲပြောင်းခံ နိုင်​ငံဝန်​ထမ်း​တွေအတွက်​ ဘဝအာမခံချက်​ရ​ရေးကို ၈ လ​ကျော်​ကြာ သပိတ်​​ ၃ ကြိမ်​​မှောက်​ခဲ့တဲ့ စက်ရုံဖြစ်​ပြီး မြန်​မာပြည်​မှာ ရက်​အရှည်​ဆုံးသပိတ်​​မှောက်​ခဲ့တဲ့ စက်​ရုံ ဖြစ်​ပါတယ်။

အရင် ​​ပလိပ်ချည်​မျှင်​နဲ့ အထည်​အ​ချောကိုင်​စက်ရုံကို ၁၉၇၄ ခုနှစ်​က စတင်​​လည်​ပတ်​ခဲ့ပြီး ၂၀၁၃ ခုနှစ်​မှာစတင်​ကာ ပန်​ဒါကုမ္ပဏီကို စတင်​ ငှားရမ်းလွှဲပြောင်းခဲ့ပါတယ်​။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013