DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း လူပေါင်း ၅ သောင်းခွဲခန့် ရေဘေးခံစားနေရ
DVB
·
July 29, 2018
နိုင်ငံတ၀န်း လူပေါင်း ၅ သောင်းခွဲခန့် ရေဘေးခံစားနေရ
Donate to DVB

မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ရေကြီးတာတွေဖြစ်ပေါ်နေပြီး ရေဘေးသင့်စခန်း ၁၆၃ ခု အိမ်ထောင်စုပေါင်း ၁၁၆၅၁ စုနဲ့ လူပေါင်း ၅၄၂၉၇ ဦးတို့ ရေဘေးဒုက္ခခံစားနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော်တို့မှာ မနေ့ကအထိ ရေဘေးသင့်စခန်း ၁၆၃ ခု ဖွင့်လှစ်ထားပြီး ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းမှာ  အိမ်ထောင်စု ၄ စုမှ လူဦးရေ ၂၀၊ ကရင်ပြည်နယ်မှာ အိမ်ထောင်စု ၃၃၃၅ မှ လူဦးရေ ၁၆၀၄၅၊ ဧရာဝတီတိုင်းမှာ အိမ်ထောင်စု ၆၉ စု လူဦးရေ ၂၆၉၊ တနင်္သာရီတိုင်း အိမ်ထောင်စု ၁၃၀၀ မှ လူဦးရေ ၆၅၈၊ မွန်ပြည်နယ်မှာ အိမ်ထောင်စု ၂၉၀၄ လူဦးရေ ၁၅၃၄၊ ပဲခူးတိုင်းမှာ အိမ်ထောင်စု ၄၅၄၇ မှ လူဦးရေ ၂၁၀၉၅၊ မကွေးတိုင်းမှာ အိမ်ထောင်စု ၁၂၂ မှ လူဦးရေ ၄၆၄၊ နေပြည်တော်မှာ အိမ်ထောင်စု ၁၄ မှ လူဦးရေ ၅၇ ဦးတို့ ရေဘေးကြောင့် ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

ရေကြီးမှုကြောင့် တနင်္သာရီတိုင်းမှာ ၁ ဦး၊ မကွေးတိုင်းမှာ ၂ ဦး၊ ပဲခူးတိုင်းမှာ ၁ ဦးနဲ့ နေပြည်တော်မှာ ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပါတယ်။

ရေဘေးသင့်သူတွေအတွက် ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းတွေအပြင် သေဆုံးဒဏ်ရာရသူတွေကိုလည်း ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ထုတ်ပြန်ချက်အရ ရေဘေးဖြစ်ပွားမှု ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၁၅၀၀ ကျော်(၁၅၅၂၈၇၄၄၂ သိန်း) ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013