DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်တွင်း အခေါ်အဝေါ်ပြောင်းလဲ
DVB
·
July 20, 2012
အင်းစိန်ထောင်တွင်း အခေါ်အဝေါ်ပြောင်းလဲ
Donate to DVB

အင်းစိန်ထောင်တွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားစာထုတ်ပြီး အခေါ်အဝေါ် ပြောင်းလဲလုပ်ဆောင်နေတာ ကြားသိခဲ့ရတယ်လို့ ဒီနေ့ ပြန်လွတ်လာတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

အရင်တုန်းက ၁ ပွင့်ကို အရာရှိ ထောင်မှူး၊ ၂ ပွင့်ကို ထောင်မှူးကြီး ခေါ်ဝေါ်ရာက အခုရက်ပိုင်းအတွင်း အခေါ်အဝေါ်ပြောင်းလဲတယ်လို့ ဆိုပါတယ်။

အကြီးဆုံးထောင်ပိုင်ကို ထောင်မှူးကြီးအဖြစ် ပြောင်းခေါ်ဖို့ ၃ ပွင့်ကို အကျဉ်းဦးစီးမှူး၊ ၂ ပွင့်ကို ကြီးကြပ်ရေးမှူး၊ ၁ ပွင့်ကို ဒုတိယကြီးကြပ်ရေးမှူး၊ အရာခံတွေကို လက်ထောက်ကြီးကြပ်ရေးမှူး၊ ဒု-လက်ထောက်ကြီးကြပ်ရေးမှူး စသဖြင့် ခေါ်ဝေါ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ တပ်ကြပ်ကြီးအဆင့်ကနေ အောက်ခြေပိုင်းကို အရင်အတိုင်းပဲခေါ်တယ်လို့ ဆိုပါတယ်။

အင်းစိန်ထောင်တွင်းမှာ အခြေခံစစ်ရေးပြ သင်တန်းပေးနေတာ၊ တရားစခန်းတွေ ဖွင့်လှစ်တာ၊ တရုတ်-ကိုရီးယား-အင်္ဂလိပ်-ဂျပန် ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်းတွေ ဆောင်ရွက်နေတာ သိခဲ့ရတယ်လို့ ဆိုပါတယ်။

တပ်မတော် အစိုးရလက်ထက်တုန်းက အင်းစိန်ထောင်အပါအ၀င် နိုင်ငံတ၀န်း အကျဉ်းထောင်တွေက အကျဉ်းသားတွေဟာ ရှေ့တန်းစစ်မြေပြင်အတွက် ပေါ်တာထမ်းရတာ၊ အလုပ်ကြမ်းစခန်းတွေမှာ ခိုင်းစေခံရတာတွေ၊ ထမင်းမ၀တာတွေနဲ့ အတော်နာမည်ပျက်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ထောင်တွင်း ဂျာနယ်တွေဖတ်ခွင့် အပါအ၀င် ထမင်းအ၀စားခွင့်ရပြီး မကြာသေးခင်ကတော့ ၂၀၁၅ မတိုင်ခင် အဓမ္မခိုင်းစေမှုပပျောက်အောင် ဆောင်ရွက်ဖို့ အိုင်အယ်လ်အိုနဲ့ မြန်မာအစိုးရနဲ့ သဘောတူညီခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013