DVB Logo
Home
မြန်မာသတင်း
နှစ်ပေါင်း ၁၀၀ ကျော်ကြာပြီဖြစ်သည့် ပဲနွယ်ကုန်းမြို့ ၀ါဆိုထမင်းစားပွဲတော် (ဓာတ်ပုံ)
DVB
·
July 29, 2018
နှစ်ပေါင်း ၁၀၀ ကျော်ကြာပြီဖြစ်သည့် ပဲနွယ်ကုန်းမြို့ ၀ါဆိုထမင်းစားပွဲတော် (ဓာတ်ပုံ)
1 / 5
Donate to DVB

နှစ်ပေါင်း ၁၀၀ ကျော်တိုင် ကြာပြီဖြစ်တဲ့ ဝါဆိုထမင်းစားပွဲတော်ကို ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းမြို့ ဘုန်းကြီးကျောင်း ၂၅ ကျောင်းမှာ ဇူလိုင် ၂၈ ရက်နေ့က  ကျင်းပခဲ့ပါတယ်။

ဝါဆိုထမင်းစားပွဲတော်က နှစ်စဉ် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တိုင်း ကျင်းပပါတယ်။ ဝါဆိုထမင်းဆိုတာ အချဉ်ဟင်းနဲ့ ငါးပိထောင်းကို အဓိက ကျွေးတာပါ။

လာရောက်စားသောက်သူတွေ အားလုံးကလည်း နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ တစ်ကျောင်းထဲမှာ အဝမစားဘဲ စားနိုင်သလောက် ဘုန်းကြီးကျောင်းတွေ ပြောင်းပြီး စားကြပါတယ်။ ဒါ့အပြင် ရပ်ဝေးရောက်နေကြသူတွေပါ ပြန်လာစားကြပါတယ်။

ဝါဆိုထမင်းစားပွဲတော်ဟာ ပဲနွယ်ကုန်းဒေသမှာ လွန်ခဲ့သော နှစ် ၁၀၀ ကျော်ကတည်းက ကျင်းပခဲ့တာဖြစ်ပြီး တနိုင်ငံလုံးမှာ  တနေရာတည်းမှာသာကျင်းပတဲ့ ဒေသပွဲတော်တခုလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013