DVB Logo
Home
မြန်မာသတင်း
မြို့ ၆ မြို့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေ
DVB
·
July 29, 2018
မြို့ ၆ မြို့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေ
Donate to DVB

စိုးရိမ်ရေမှတ်အထက်  ရောက်ရှိနေတဲ့ မြို့ ၆ မြို့နဲ့ စိုးရိမ်ရေမှတ်ရောက်ဖို့ နီးစပ်နေတဲ့ မြို့ ၆ မြို့တို့ရဲ့ မြစ်ရေအခြေနေတွေကို မိုးဇလက ထုတ်ပြန်လိုက်ပါတယ်။

တောင်ငူ၊ မဒေါက်၊ ရွှေကျင်၊ ပဲခူး၊ ဘားအံနဲ့ ဘီးလင်းမြို့တို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပါတယ်။ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ ကနေ ၆၂၆ စင်တီမီတာနဲ့ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ ကနေ ၁၂၈၀ စင်တီမီတာအထိ ကျော်လွန်နေပါတယ်။

ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ် ၇၀၀ ကနေ ၈၄၂ စင်တီမီတာနဲ့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၀၀ ကနေ ၉၅၀ စင်တီမီတာအထိ ကျော်လွန်နေပါတယ်။

သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ ကနေ ၉၃၀ စင်တီမီတာနဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၂၂ ကနေ ၁၀၉၈ အထိ ကျော်လွန်နေပါတယ်။

ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်နဲ့ မအူပင်တို့ရဲ့ မြစ်ရေတွေကတော့ စိုးရိမ်ရေမှတ်ကို ရောက်ဖို့ နီးစပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်ကြသူတွေအနေနဲ့ မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာ ရှောင်ရှားကြဖို့လည်း မိုးဇလက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013