DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးကြုံတွေ့နေသူများကို ကူညီကယ်ဆယ်ရေး ချက်ချင်းတုံ့ပြန်ရန် ဒုသမ္မတပြော
DVB
·
July 28, 2018
သဘာဝဘေးကြုံတွေ့နေသူများကို ကူညီကယ်ဆယ်ရေး ချက်ချင်းတုံ့ပြန်ရန် ဒုသမ္မတပြော
Donate to DVB

သဘာဝဘေးအန္တရာယ်ကြုံတွေ့နေသူတွေအတွက် ကူညီကယ်ဆယ်ရေး ချက်ချင်း တုံ့ပြန်ဆောင်ရွက်ကြရမယ်လို့ ဒုတိယ သမ္မတ ဟင်နရီဗန်ထီးယူက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနမှာ ပြုလုပ်တဲ့ လတ်တလောဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌအနေနဲ့ တက်ရောက် ပြောကြားခဲ့တာပါ။

ဒုတိယသမ္မတက နိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ် ရေကြီး ရေလျှံမှုတွေနဲ့ ပတ်သက်ပြီး လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ အစည်းအဝေးကို ကျင်းပရတာဖြစ်ပါကြောင်း၊ လတ်တလောရေကြီးရေလျှံမှုတွေကြောင့် ပဲခူးတိုင်း၊ တနသာင်္ရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့မှာ ရေကြီးရေလျှံနေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကိုဆောင်ရွက်နေကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်တာတွေကို မျှော်မှန်းပြီး ကြိုတင်ကာကွယ်ရေးနဲ့ ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြရမယ်လို့ ပြောပါတယ်။

အစည်းအဝေးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးတွေဖြစ်ကြတဲ့ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး၊ သမ္မတရုံး၊ ပြည်ထဲရေး၊ ပညာရေးနဲ့ လူကယ်ပြန် ဒု ဝန်ကြီး၊ ပြည်ထဲရေး၊ လျှပ်စစ်နဲ့စွမ်းအင်၊ ပြန်ကြားရေးတို့က အမြဲတမ်းတွင်းဝန်တွေနဲ့ အဖွဲ့ဝင် ညွှန်ကြားရေးမှူချုပ်တွေ တက်ရောက်ကြပါတယ်။

သဘာဘေး အန္တရာယ်ကြုံတွေ့ခံစားနေကြရသူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အခြေအနေတွေ၊ ဆက်ကူညီမယ့်အစီအမံတွေ၊ ပြန်လည်ထူထောင်ရေးလုပ်မယ့် အခြေအနေတွေ၊ ချက်ချင်းတုံ့ပြန်ဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ ထောက်ပံ့ ကူညီသွားမယ့် အစီအစဉ်တွေ၊ လုံခြုံရေး၊ သတင်းထုတ်ပြန်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ်ကဏ္ဍဆိုင်ရာတွေနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ နေရာတွေမှာ တပ်မတော်က ပူးပေါင်းကူညီနေတာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013