DVB Logo
Home
မြန်မာသတင်း
မြို့ ၄ မြို့ မြစ်ကမ်းအနီးနေသူများ ဘေးလွတ်ရာ ရွှေ့ပြောင်းရန် မိုးဇလ သတိပေး
DVB
·
July 28, 2018
မြို့ ၄ မြို့ မြစ်ကမ်းအနီးနေသူများ ဘေးလွတ်ရာ ရွှေ့ပြောင်းရန် မိုးဇလ သတိပေး
Donate to DVB

ဘားအံ၊ ပဲခူးမြို၊ ရွှေကျင်နဲ့ မဒေါက်မြို့တွေရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်ကြသူတွေ မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာ ရှောင်ရှားကြဖို့ မိုးဇလက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်တောင်းမြစ်

မြန်မာစံတော်ချိန် ၂ နာရီခွဲ တိုင်းထွာချက်တွေအရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ ပေဝက်လောက်၊ မဒေါက်မြို့မှာ ၇ ပေလောက် စိုးရိမ်ရေမှတ်အသီးသီးအထက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း တောင်ငူမြို့မှာ ၁ ပေလောက်နဲ့ မဒေါက်မြို့မှာ ၁ ပေခွဲလောက် ဆက်လက်တက်လာနိုင်ပါတယ်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့မှာ ၁၂၇၈ စင်တီမီတာနဲ့ နှစ်ပေါင်း ၅၃ အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ပြီး ယခင်အမြင့်ဆုံးရေမှတ်မှာ ၁၉၉၇ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ တိုင်းတာချက်အရ ၁၂၄၄ စင်တင်မီတာ ဖြစ်ပါတယ်။

ရွှေကျင်မြစ်

ဒီနေ့ မြန်မာစံတော်ချိန် ၂ နာရီခွဲ တိုင်းတာချက်အရ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၆ ပေလောက် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၂ ပေလောက် ဆက်တက်လာနိုင်ပါတယ်။

ပဲခူးမြစ်

ဒီနေ့ မြန်မာစံတော်ချိန် ၂ နာရီခွဲ တိုင်းထွာချက်အရ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ ၃ ပေလောက် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်လောက် ဆက်လက်တက်လာနိုင်ပါတယ်။

ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ ဒီနေ့ မြန်မာစံတော်ချိန် ၂ နာရီခွဲ တိုင်းတာချက်အရ ၉၆၈ စင်တီမီတာရှိနေပြီး နှစ်ပေါင်း ၅၄ နှစ်အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ပြီး အရင်ကအမြင့်ဆုံးရေမှတ်မှာ ၂၀၁၁ သြဂုတ်လ ၁၀ ရက်နေ့က ၉၆၀ စင်တင်မီတာ ဖြစ်ပါတယ်။

သံလွင်မြစ်

ဒီနေ့ မြန်မာစံတော်ချိန် ၂ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၅ ပေခွဲလောက် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေလောက် ဆက်လက် တက်လာနိုင်ပါတယ်။

ဘီးလင်းမြစ်

ဒီနေ့ မြန်မာစံတော်ချိန် ၂ နာရီခွဲ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၂ ပေခွဲလောက် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ဘားအံ၊ ပဲခူး၊ ရွှေကျင်နဲ့ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်ကြသူတွေအနေနဲ့ မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာ ရှောင်ရှားကြဖို့နဲ့ တောင်ငူမြို့နယ်နဲ့ ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013