DVB Logo
Home
မြန်မာသတင်း
အသည်းရောင်ရောဂါဖြစ်ပွားမှုနှုန်း မြန်မာက အဆင့် ၁၂ တွင် ရှိနေ
DVB
·
July 28, 2018
အသည်းရောင်ရောဂါဖြစ်ပွားမှုနှုန်း မြန်မာက အဆင့် ၁၂ တွင် ရှိနေ
Donate to DVB

အသည်းရောင်ရောဂါဖြစ်ပွားမှုနှုန်းက ကမ္ဘာ့နိုင်ငံ ၁၉၅ နိုင်ငံမှာ မြန်မာနိုင်ငံက အဆင့် ၁၂ နေရာမှာ ရှိနေတယ်လို့ ဆေးသုသေသနဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချူပ် ပါမောက္ခ ဒေါက်တာသော်ဝေဖြိုးက ပြောပါတယ်။

ဒါ့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှာ လာရောက်ကုသတဲ့သူတွေထဲ အသည်းရောင်ရောဂါနဲ့ သက်ဆိုင်တဲ့ သွေးအန်တာ၊ သွေးဝမ်းသွားတာတွေနဲ့ ရှော့ရလာတဲ့ လူနာတွေဟာ တခြားလူနာတွေထက် ပိုများနေတယ်လို့ ဇူလိုင် ၂၈ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ သူနာပြုတက္ကသိုလ်မှာ ကျင်းပတဲ့ ကမ္ဘာ့အသည်း ရောင်ရောဂါနေ့ အခမ်းအနားမှာ ပြောခဲ့တာပါ။

ကမ္ဘာတဝန်းမှာ လူဦးရေသန်း ၅၀၀ လောက်ထဲက အသည်းရောဂါဖြစ်ပွားမှုကြောင့် တနှစ်မှာ လူဦးရေ ၁ ဒသမ ၅ သန်းလောက် သေဆုံးနေတယ်လို့ ဆိုပါတယ်။

မြန်မာအသည်းဖောင်ဒေးရှင်းက ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ  အသည်းရောင်ရောဂါပိုးရှိမရှိ စစ်ဆေးတဲ့အခါမှာ လူဦးရေ ၅၂ သန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းက ဘီပိုးရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ၂.၆၅ ရာခိုင်နှုန်းက စီပိုးတွေ့ရတာကြောင့်  အသည်းရောင်ရောဂါ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာအသည်းဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးလူမင်းက “အကိုတို့ တိုင်းပြည်အနေအထား၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းသပ်ရပ်မှု အနေအထားတွေအရ အသည်းရောင် အသားဝါဖြစ်ဖို့  အကောင်းဆုံး အခြေအနေရှိတယ်။ လူတွေကလည်း မသိကြဘူး။ မသိကြဘူး ဆိုတာလည်း သွေးစစ်မှသိတာဆိုတော့ အဲဒါတွေကို သိစေချင်တယ်။ တကယ်တော့ ဒီရောဂါ က ရှိတယ်ဆိုတာ သိရင် ကုလို့ရတယ်။ ကာကွယ်လို့ ရရဲ့သားနဲ့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နေတာ” လို့ ပြောပါတယ်။

ကမ္ဘာတစ်ဝှမ်း  အသည်းရောင်ရောဂါရှိတဲ့ သူ ၃၂၅ သန်းမှာ သန်း ၂၉၀ က အသည်းရောင်ရောဂါ ဘီပိုး၊ စိပိုး ရှိမှန်း ကိုယ့်ကိုယ်ကိုယ် မသိသူတဲ့သူတွေများတယ်လို့ ဆိုပါတယ်။

မြန်မာအသည်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က “ဒီရောဂါက ရောဂါလက္ခဏာမပြဘဲနဲ့ အကြာကြီးဖြစ်နေတာ။ ရောဂါလက္ခဏာလည်းပြရော နောက်ကျနေကြပြီ။ တချို့ဆိုရင် ဗိုက်နာလို့ အက်ထရာဆောင်း ရိုက်လိုက်မှ အသည်း ခြောက်နေတယ်ဆိုတာ သိတယ်။ ဒါမှမဟုတ် အသည်းကင်ဆာ ဖြစ်နေတယ်ပေါ့နော်။ တချို့လည်း သွေးအန်မှသိတယ်။ တချို့တွေလည်း ဗိုက်ရေဖျင်းစွဲမှ သိတယ်။ တချို့ဆိုလည်း ခြေထောက်တွေဘာတွေ ယောင်လာမှ သိတယ်။ အဲဒီအချိန်ဆိုရင် နောက်ကျနေပြီ။ ဒါကြောင့်မို့ စောစောသိရင် ဒီရောဂါတွေက ကုသလို့ရတယ်” လို့ ပြောပါတယ်။

အသည်းရောင် အသားဝါ ဘီနဲ့ စီ က အဖြစ်များတဲ့ ရောဂါဖြစ်ပြီး  ဒီရောဂါတွေက နာတာရှည်ရောဂါဖြစ်တာကြောင့် နောက်ဆက်တွဲအဖြစ် အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာတွေ ဖြစ်ပွားတတ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013