DVB Logo
Home
မြန်မာသတင်း
တပ်မတော်သားပစ်ခတ်၍ သေဆုံးခဲ့သည့်ကိစ္စ အရေးယူမှုအခြေအနေ အကြောင်းပြန်ပေးမည်
DVB
·
July 28, 2018
တပ်မတော်သားပစ်ခတ်၍ သေဆုံးခဲ့သည့်ကိစ္စ အရေးယူမှုအခြေအနေ အကြောင်းပြန်ပေးမည်
Donate to DVB

ရေးမြို့နယ်၊ လမိုင်းမြို့၊ ကုလားကုတ်ကျွန်းကျေးရွာအုပ်စုအတွင်း ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့က အဲဒီကျွန်းအခြေစိုက် ခမရ ၅၈၇ မှ ဗိုလ်ကြီးတဦးက အရပ်သားတဦးကို ပစ်သတ်ခဲ့ တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်မှုအခြေအနေကို အကြောင်းပြန်ပေးဖို့ ရှိနေပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီး ၂ လကျော်အကြာ အကျိုးအကြောင်း မသိရှိရတာကြောင့် ရေးမြို့အခြေစိုက် စကခ ၁၉ ကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်တွေနဲ့ ကာယကံရှင်မိသားစုတွေက ဇူလိုင် ၂၆ ရက်နေ့မွန်းလွဲပိုင်းက သွားရောက်မေးမြန်းခဲ့ရာမှာ စကခ ၁၉ တာဝန်ရှိသူက ဖြေကြားခဲ့တာပါ။

လိုက်ပါကူညီဆောင်ရွက်ပေးနေသူ မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက် ရေးမြို့နယ်တာဝန်ခံ မင်းစိုးသိမ်းက ''၂ လနဲ့ ၁၀ ရက်ကျော်ရှိပြီ၊ ခုအချိန်အထိ အရေးယူဆောင်ရွက်မှုအခြေအနေတွေကို မသိရသေးလို့ သေဆုံးသူကာယကံရှင်ရဲ့ အမျိုးသမီး၊ ဆွေမျိုးတွေနဲ့အတူ လိုက်ပါကူညီမေးမြန်းခဲ့တယ်။ တပ်ရေးဗိုလ်ကြီးနဲ့တွေ့တယ်။ မေးမြန်းချက်တွေအရ လက်ရှိမှာ စုံခုံကနေ အမှုတွဲဆင်ပြီး အထက်ကိုတင်ထားဆဲလို့ပြောတယ်။ အရေးယူဆောင်ရွက်မှု အခြေအနေကို အထက်ကနေ အကြောင်းပြန်လာရင် ပြန်လည်အကြောင်းပြန်ပေးမယ်လို့ ပြောတယ်၊ ကျနော်တို့ရဲ့ ဖုန်းနံပါတ်တွေကိုလည်း ယူထားတယ်'' လို့ ဒီဗွီဘီကို ပြောပါတယ်။

တပ်မတော်ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အရပ်ဘက်က လိုက်ပါဆောင်ရွက်မှုမရှိကြောင်း၊ အရပ်ဘက်နဲ့တပ်ဘက်ဖြစ်ပွားပါက အရပ်ဘက်တရားရုံးမှာပဲ ပွင့်လင်းမြင်သာမှုရှိစွာ စီရင်ဆုံးဖြတ်စေချင်တယ်လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။

မေ ၁၆ ရက်နေ့ ညနေပိုင်းက ကုလားကုတ်ကျွန်း အလယ်ဆိပ်ရွာနေ အရပ်သား ကိုတင်စိုးမြင့်ကို ဖမ်းဆီးပြီး ဗိုလ်ကြီးအောင်ကိုကိုမင်းက စစ်ဆေးစဉ် ပစ်ခတ်ခဲ့တာကြောင့် ကာယကံရှင်ဘက်က မေ ၁၈ ရက်နေ့က အမှုဖွင့်ခဲ့ပြီး သက်ဆိုင်ရာတပ်က စစ်စည်းကမ်းနဲ့ အရေးယူမယ်လို့ ပြန်ကြားထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့ကလည်း ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့၊ မကျီးချောင်းဝကျေးရွာမှာ ခလရ ၂၈၀ တပ်ရင်းက ဗိုလ်ကြီး မျိုးထက်ဦး ဦးစီးတပ်စုအဖွဲ့က ရွာသား ၂ ဦးကို မှားယွင်းပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရပါတယ်။

အဲဒီပစ်ခတ်ခဲ့သူ တပ်မတော်အရာရှိကို နယ်ဘက်အကျဉ်းထောင်ကို ပို့ဆောင်အရေးယူခဲ့ကြောင်း ဖြစ်စဉ်စုံစမ်းလေ့လာတဲ့ အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို တပ်မတော်က အကြောင်းပြန်ကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013