DVB Logo
Home
မြန်မာသတင်း
စစ်တောင်းမြစ်ရေတက်မှုကြောင့် ရေကာတာကျိုးကျမည်ကို မဒေါက်မြို့ခံများ စိုးရိမ်
DVB
·
July 28, 2018
စစ်တောင်းမြစ်ရေတက်မှုကြောင့် ရေကာတာကျိုးကျမည်ကို မဒေါက်မြို့ခံများ စိုးရိမ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာတာကြောင့် ရေကာတာကျိုးကျသွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မဒေါက်မြို့မှာ ဇူလိုင် ၂ဝ ရက်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ၁ဝ၇ဝ စင်တီမီတာရဲ့အထက် ၁၂၆၄ စင်တီမီတာကို ရောက်ရှိလာတာကြောင့် မဒေါက်မြို့ကို ကာရံထားတဲ့ ရေကာတာကျိုးကျသွားမှာကို ဒေသခံတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။

စစ်တောင်းမြစ်ရေ နေ့စဉ်လိုတက်လာနေပြီး ရေကာတာကို ကျော်လွန်ဖို့ ပေဝက်ခန့်သာ လိုတော့တာကြောင့် ရေကာတာရဲ့အနိမ့်ပိုင်းနေရာအချို့မှာ ရေကျော်လွန်မှုတွေရှိနေပြီး ဒေသခံပရဟိတအဖွဲ့တွေက အုပ်သဲကျောက်တွေနဲ့ အရေးပေါ်ကာကွယ်မှုတွေ ပြုလုပ်နေရပါတယ်။

“ရေကာတာက ခြောက်လက်မလောက် လိုတော့တယ်၊ တချို့နေရာတွေမှာ ရေကျော်လာလို့ လိုက်ပိတ်နေရတယ်။ ဒီထက်မကတက်လာရင်တော့ ကျိုးဖို့ပဲရှိတော့တယ်။ ခုအချိန်မှာ ရေက မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၅ ပေလောက်အထက်ကို ရောက်နေသလိုဖြစ်နေတယ်။ ဒီတာခံနေလို့သာ တမြို့လုံး မမြုပ်သေးတာ” လို့  ရွှေမြတ်လေးပရဟိတ ဥက္ကဋ္ဌ ကိုဉာဏ်လင်းအောင်က ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ ညောင်လေးပင်က တပ်ဖွဲ့ဝင်တွေရော မဒေါက်ကတပ်ဖွဲ့ဝင်တွေရော အားလုံး စုဖွဲ့ထားပါတယ်။ တကယ်လို့ အရေးပေါ်ဖြစ်လာခဲ့ရင် ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်နိုင်ဖို့ပါ။ အခုတာအခြေအနေကတော့ အကုန်လုံးစောင့်ကြည့်နေပြီး ဝိုင်းဝန်ပြီး လုပ်ဆောင်ပေးနေပါတယ်” လို့ ညောင်လေးပင်မြို့နယ် မီးသတ်ဦးစီး ဦးသိန်းထိုက်က ပြောပါတယ်။

စစ်တောင်မြစ်ရေ စိုးရိမ်ရေမှတ်ကို ကျာ်လွန်လာတာကြောင့် ရပ်ကွက်ကျေးရွာ ၂၂ အုပ်စုရေကြီး နစ်မြုပ်မှုဒဏ်ခံနေရပြီး အိမ်ထောင်စု ၁၅၂၈ စုက ရေဘေးသင့်သူ ၈၄ဝဝ ကျော် ကယ်ဆယ်ရးစခန်း ၃ ခုမှာ ခိုလှုံနေရပြီး စာသင်ကျောင်း ၁၅ ကျောင်းကျော် ယာယီပိတ်ထားရပါတယ်။

မဒေါက်မြို့ စစ်တောင်းမြစ် ရေကာတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က စစ်တောင်းမြစ်ရေမဝင်နိုင်အောင် ကာကွယ်ထားတဲ့တာဖြစ်ပြီး ရေကာတာကျိုးပေါက်သွားပါက မဒေါက်မြို့၊ ညောင်လေးပင်မြို့နဲ့ ပြွန်တန်ဆာမြို့တို့အပါအဝင် ကျေးရွာအုပ်စုတော်တော်များများကို ရေလွှမ်းမိုးသွားနိုင်ပြီး လယ်မြေဧက သောင်းချီ ရေကြီးနစ်မြုပ်မှု ဒဏ်ခံရနိုင်တယ်လို့ သိရပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေတာကြောင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်ကြသူတွေအနေနဲ့ မြစ်ရေကြီးမှု ဘေးအန္တရယ်မှ ကင်းလွတ်ရာကို ရှောင်ရှားကြဖို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

သတင်း-ဓာတ်ပုံ

နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013