DVB Logo
Home
မြန်မာသတင်း
သီပေါတွင် ကုန်စုံဆိုင်ရှင်အား သေနတ်ဖြင့် ပစ်သတ်
DVB
·
July 28, 2018
သီပေါတွင် ကုန်စုံဆိုင်ရှင်အား သေနတ်ဖြင့် ပစ်သတ်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ ဇူလိုင် ၂၆ ရက်နေ့ညက လူနှစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး ဈေးဆိုင်ထဲဝင်ပြီး သေနတ်နဲ့ပစ်ကာ ထွက်ပြေးသွားတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

ပလောင်တိုင်းရင်းသား ဦးစိန်ဝင်းရဲ့ ကုန်စုံဆိုင်ထဲကို အမျိုးသားနှစ်ဦးရောက်လာပြီး အသက် ၂ဝ လောက်ရှိတဲ့ အမျိုးသားတဦးက ဈေးဆိုင်ပေါက်က ဝင်လာပြီး ဆိုင်ရှင်ဦးစိန်ဝင်းကို သေနတ်နဲ့ အနီးကပ် ၃ ချက်ပစ်လို့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားနေရာကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နဲ့ တာဝန်ရှီသူတွေ ရောက်လာပြီး နေအိမ်အတွင်းက (၉)မမ ပစ္စတို ကျည်ခွံသုံးခုကို သိမ်းဆည်းကာ နယ်မြေအေးချမ်းရေးအတွက် လိုက်လံရှင်းလင်းလျက်ရှိတယ်လို့ ဆိုပါတယ်။

သီပေါမြို့မရဲစခန်းက သေနတ်နဲ့ ပစ်ခတ်သွားသူကို အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013