DVB Logo
Home
မြန်မာသတင်း
တိုက်ကြီး-ကြာအင်း ကုန်ထုတ်လမ်း အမြန်ဆုံးပြုပြင်ပေးရန် တောင်းဆို
DVB
·
July 28, 2018
တိုက်ကြီး-ကြာအင်း ကုန်ထုတ်လမ်း အမြန်ဆုံးပြုပြင်ပေးရန် တောင်းဆို
Donate to DVB

တိုက်ကြီး-ကြာအင်းကုန်ထုတ်လမ်း ပျက်စီးနေတာ ခုချိန်ထိ ပြုပြင်မပေးလို့ ပြည်သူတွေ သွားလာရေး အခက်ခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၆ ရွာက လူဦးရေ ၇ဝဝဝ ကျော်နဲ့ ကျောင်းသားကျောင်းသူ ၅ဝဝ ကျော်တို့ နေစဉ်သွားလာနေတဲ့ အဓိကကုန်ထုတ်လမ်းမကြီးဖြစ်တဲ့ တိုက်ကြီး-ကြာအင်းလမ်းပျက်စီးနေပြီး ၂ဝ၁၆-၁၇ ခုနှစ် ဘတ်ဂျတ်မှာ ပြုပြင်ခွင့်ပါပေမယ့် ခုချိန်ထိ ပြုပြင်မပေးတဲ့အတွက် ကျးရွာပြည်သူတွေ သွားလာရေးအခက်အခဲတွေဖြစ်ပေါ်နေတာပါ။

သထုံစုကျေးရွာ အမကကျောင်းက ဆရာ ဦးအောင်ဇေယျာမင်းက "လမ်းမကောင်းတဲ့အတွက် သွားလာရေး အရမ်းဒုက္ခရောက်တယ်။ အုပ်ချူပ်ရေးပိုင်းက လမ်းကကျတယ်ပြောပြီး ခုချိန်ထိ မလုပ်ပေးလို့ ကျနော်တို့ ဆန္ဒထုတ်ဖော်ဖို့ လုပ်သေးတယ်။ ဌာနဆိုင်ရာ လူကြီးတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးပါမယ်မပြပါနဲ့ဦးဆိုလို့ မပြသေးတာပါ။ ဒီနှစ်မှာလမ်းကို မပြုပြင်ပေးဘူးဆို ကျနော်တို့လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်သွားမှာပါ" လို့ ပြောပါတယ်။

ရပ်မိရပ်ဖ ဦးသန်းမြင့်က "ဒီလမ်းကိုအားကိုနေရတဲ့ ကျေးရွာတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး အချိန်မီဆေးရုံမရောက်လို့ သေတဲ့သူတွေရှိသလို ပညာရေးနဲ့ကျတော့လည်း ဒီကနေ မြို့ပေါ်ကို ကျောင်းတက်ဖို့ အဆင်မပြေ၊ ဘော်ဒါမထားနိုင်လို့ ကျောင်းမတက်ရတဲ့သူတွေလည်းရှိတယ်။ တောင်သူများတဲ့အတွက် စိုက်ပျိုးရေးလုပ်တယ်၊ သီးနှံပေါ်ချိန် ရောင်းပြန်တော့လည်း လမ်းမကောင်းလို့ ဈေးနှိမ်ခံရတယ်။ ဒီလမ်းကို မှီခိုနေတဲ့ ကျနော်တို့တောင်သူတွေ အများကြီးနစ်နာနေပါတယ်"လို့ ပြောပါတယ်။

လောက်လေးချောင်းကျေးရွာ အုပ်ချူပ်ရေးမှူး ဦးတင်အေးက "ကျနော် ၂ဝ၁၆ ခုနှစ်က စာတင်တောင်းဆိုခဲ့တယ်။ ၂ဝ၁၇ ခုနှစ် ၅ လပိုင်းမှာ သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တံတားအပါအဝင် ကျပ်သန်းပေါင်း ၃၄၅၉.၆ဝ၈ ကျပ်သန်း ကုန်ကျခံပြီး ပြုပြင်မယ်ဆိုပြီး စာထုတ်ပေးတယ်။ ဒါပေမယ့် ခုချိန်ထိ မပြင်ပေးပါဘူး။ ၂ဝ၁၈ ခုနှစ် ၅ လပိုင်းမှာ တိုက်ကြီးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်ပြီး ဌာနဆိုင်ရာတွေနဲ့ အစည်းအဝေးမှာ ကျနော် ထပ်တင်ပြထားတယ်။ ပြည်သူလွှတ်တော်ကိုယ်စားလှယ်က လမ်းအတွက် စီစဉ်ထားပါတယ်၊ ကုမ္ပဏီတွေလည်း ငှားထားပြီးပါပြီ ၂ဝ၁၉ ခုနှစ်မှာ လုပ်ပေးပါမယ်လို့ ပြောထားပါတယ်။ ကုန်ထုတ်လမ်းဖြစ်တဲ့အတွက် စပါးပေါ်ချိန်မှာ တနေ့ကို စပါးတင်း ၆ဝဝဝ အထိ ထွက်တယ်။ ကျနော်တို့ ကျေးရွာပြည်သူတွေလည်း တက်နိုင်သလောက်ပြုပြင်နေပါတယ်" လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013