DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၉ဝဝ ကျော် ပျက်စီး
DVB
·
July 28, 2018
မွန်ပြည်နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၉ဝဝ ကျော် ပျက်စီး
Donate to DVB

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာ လေပြင်းနဲ့ လေဆင်နှာမောင်းတိုက်လို့ အိမ်ခြေ ၉ဝဝ ကျော် ပျက်စီးသွားတယ်လို့ ပြည်နယ်နဲ့တိုင်း အစိုးရတွေက ထုတ်ပြန်ပါတယ်။

မနေ့ မနက်ပိုင်းက ပဲခူးနဲ့ သနပ်ပင်မြို့နယ်မှာ လေဆင်နှာမောင်းတိုက်လို့ ပဲခူးမြို့နယ် ကမာနတ်ရွာမှာ အိမ် ၂၈၁ လုံး ပျက်စီးပြီး ဟင်္သာကုန်းရပ်ကွက်နဲ့ ရှင်စောပုတိုက်ခန်းမှာ နေအိမ်တွေ အမိုးလန် ပျက်စီးတာ၊ ပြိုတာနဲ့ သစ်ပင်ကြီးတွေ လဲပြိုခဲ့ပါတယ်။

သနပ်ပင်မြို့နယ် ကျီးပင်စု၊ ခရမ်း၊ ရွှေလှေစု၊ ကျီးပင်၊ လွမ်းပြေ၊ လျှာပကစ်၊ ကျွန်းကြီး၊ ခရမ်းညောင်ပင်၊ ဖရဲ၊ စွန်ပိ၊ သနတ္တန်း၊ ကုက္ကိုနဲ့ အပိုင် စတဲ့ရွာ ၁၃ ရွာမှာ အိမ် ၂၅၃ လုံး ပြိုကျပျက်စီးခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံ ဘုန်းကြီးကျောင်းတွေနဲ့ အစိုးရဝန်ထမ်းအိမ်ရာတွေ အပါအဝင် အဆောက်အအုံ ၃၄၉ လုံး အမိုးလန် ပျက်စီးခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ လေပြင်းတိုက်လို့ ကဒါရပ်ကွက်နဲ့ ကဒုံစီးရပ်ကွက်မှာ အိမ်ခြေ ၄၆ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။

လေဘေးသင့်ပြည်သူတွေကို အိမ်ပြန်ပြင်နိုင်ဖို့အတွက် ဝန်ကြီးချုပ်က တအိမ်ထောင်ကို ငွေကျပ် ၁ သိန်း၊ ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ငွေ တအိမ်ထောင်ကို ကျပ် ၁ သိန်းစီနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ မနေ့က ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ လေဘေးသင့်သူ ၂ဝဝ ကျော်ရှိပြီး သူတို့ရဲ့ ဆွေမျိုးတွေအိမ်မှာ နေရာချပေးထားပြီး အိမ်တွေကို ပလတ်စတစ် တာလဘတ်တွေနဲ့ ယာယီအုပ်မိုး ပေးထားတယ်လို့လည်း ပြည်နယ်အစိုးရက ထုတ်ပြန်ဖော်ပြထားပါတယ်။

မနေ့ကလည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကျောက်လုံးကြီးပိုင်း၊ ရွှေကောစုမှာ လေဆင်နှာမောင်းတိုက်လို့ အိမ် ၁၆ လုံး ပြိုကျပျက်စီးပြီး ၁၄ လုံး အမိုးလန် ပျက်စီးတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013