DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် လယ်သမားများ ဆန္ဒပြ
DVB
·
July 20, 2012
ရန်ကုန်မြို့တွင် လယ်သမားများ ဆန္ဒပြ
Donate to DVB

ရန်ကုန်မြို့မှာ လယ်သမား အယောက် ၃၀၀ ခန့်ဟာ သူတို့ဆီကနေ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိ လုပ်ကိုင်ခွင့်ရရေးအတွက် ချီတက် တောင်းဆိုဆန္ဒပြကြပါတယ်။

လယ်သမားတွေဟာ အစိုးရထံက ခွင့်ပြုချက်ရယူပြီး ဆန္ဒပြကြတာပါ။ သူတို့ဆီက ဧကပေါင်း သောင်း ချီပြီး တပ်မတော်အစိုးရ လက်ထက်မှာသိမ်းတဲ့ ကုမ္ပဏီတွေကို ဆန္ဒပြတာ ဖြစ်ပါတယ်။ ဒီနေ့တော့ ဧက ၁၀၀၀ ခန့် သိမ်းဆည်းခဲ့တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ပင်လယ်ကိုးသွယ်ကုမ္ပဏီရှေ့မှာ ဆန္ဒပြကြပါတယ်။

[caption id="attachment_17253" align="alignleft" width="300" caption="ရှေ့​နေကိုဖိုး​ဖြူ"][/caption]

ပြီးခဲ့တဲ့ အပတ်ကလည်း မင်္ဂလာဒုံမြို့နယ်  ရွှေနံ့သာကျေးရွာ အုပ်စုက လယ်သမားတွေ ဆန္ဒပြခဲ့ကြ တာကြောင့် အခုလယ်သမားဆန္ဒပြမှုဟာ ဒုတိယမြောက် ဆန္ဒပြပွဲဖြစ်ပါတယ်

ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ လယ်သမား ဦးညိုက ဒီနေ့ ဆန္ဒပြတာကို ကျေနပ်ပြီးတော့ လယ်ယာမြေတွေ ပြန်လည် ရရှိဖို့ မျှော်လင့်ထားတယ် လို့ ပြောပါတယ်။

“တောင်သူလယ်သမားအခွင့်အရေးကို လွှတ်တော်ကပြဋ္ဌာန်းပေးဖို့ပဲ ဦးက တောင်းဆိုချင် ပါတယ်။ ပြည်သူပြည်သားတွေရဲ့ လူမှုဒုက္ခတွေကို ဖြေရှင်းပေးကြဖို့လည်း ပြောချင်ပါတယ်။”

လယ်ယာမြေတွေကို သိမ်းယူထားတဲ့ ကုမ္ပဏီ ၁၆ ခုဆီကို သွားရောက်ပြီးတော့ ဆန္ဒမပြဖို့ မဖြစ်နိုင်တဲ့အတွက် လယ်သမားတွေဟာ ပင်လယ်ကိုးသွယ်ရှေ့မှာ စုစည်းဆန္ဒပြတာဖြစ်တယ်လို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူက ရှင်းပြပါတယ်။

လယ်ယာမြေ ဧကသောင်းကျော်ကို သိမ်းယူထားတဲ့အထဲမှာ ပင်လယ်ကိုးသွယ်ကလည်း ဧက ထောင်ကျော်လောက် သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြတာနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်က လယ်သမားတွေရဲ့ အသံကို နားထောင်နိုင်လိမ့်မယ်လို့ ကိုဖိုးဖြူက ပြောပါတယ်။

“ဒီ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ကျနော်ပြောချင်တာကတော့ ပြည်သူ့အသံကို လွှတ်တော်ထဲအရောက် ပို့ပြီးပါပြီ။ လွှတ်တော်တွေကလည်း ပြည်သူတွေရဲ့ဘ၀တွေ ဒုက္ခတွေ ဖြေရှင်းဖို့ ဆောင်ရွက် သင့်တဲ့၊ ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ရောက်နေပါပြီလို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ အရင် အစိုးရ လက်ထက်တုန်းက လယ်ယာသိမ်းဆည်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့ပြီးတော့ လယ်ယာမြေ ဧက ၉ သန်းလောက် သိမ်းယူထားတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013