DVB Logo
Home
မြန်မာသတင်း
မြေပြိုမှုများကြောင့် ကျိုက်ထီးရိုးတောင်အနီးတ၀ိုက်က ကျူးကျော်တဲများကို ဂေါပက သတိပေး
DVB
·
July 28, 2018
မြေပြိုမှုများကြောင့် ကျိုက်ထီးရိုးတောင်အနီးတ၀ိုက်က ကျူးကျော်တဲများကို ဂေါပက သတိပေး
Donate to DVB

မွန်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ကျိုက်ထီးရိုးတောင်ပတ်ဝန်းကျင်ဒေသတချို့ မြေပြိုမှုတွေဖြစ်ပွားခဲ့လို့ တောင်အနီးတဝိုက်ရှိ ဆောက်လုပ်ထားတဲ့ ကျူးကျော်တဲတွေကို ကျိုက်ထီးရိုးဘုရားဂေါပက သတိပေးထားပါတယ်။

"ည ၁၁ နာရီလောက်ကတည်းက စဖြစ်တယ်လို့ သတင်းပို့လာတာရှိတယ်။ လက်ရှိတော့ ဂေါပကအဖွဲ့တွေလည်း ကြီးကြပ်နေတာတွေရှိတယ်။ တောင်ပေါ်အနေအထားမှာ ပြဿနာ မရှိပေမယ့် တောင်စောင်းက လမ်းဘေးကျူးကျော်တဲတွေတော့ အန္တရာယ်ရှိပါတယ်။ ဘုရားဖူးကတော့ အန္တရာယ်မရှိဘူး၊ ကျူးကျော်တဲတွေက ရာကျော်တယ်။ ကျူးကျော်တဲတွေကို သတိပေးထားပါတယ်။ တောင်ပေါ်မှာလည်း ဘုရားဖူးတွေ တော်တော်နည်းသွားပါပြီ၊ မရှိသလောက်နီးပါး ဖြစ်နေပြီ” လို့ ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ ပြောခွင့်ရ ဦးကျော်ဝင်းလှိုင်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်အတွင်းက ဘုရားဖူးဝင်ရောက်မှုတွေ များပေမယ့်လည်း ဇူလိုင် ၂၇ ရက်နေ့ ဝါဆိုလပြည့်လပြည့်နေ့ ညနေပိုင်းမှာ ဘုရားဖူး မရှိသလောက် နည်းပါးသွားတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

ကျိုက်ထီးရိုးတောင်အနီးတဝိုက်မှာ ဇူလိုင် ၂၆ ရက်နေ့ ည ၁၂ နာရီအချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်ထီးရိုး ရင်ပြင်တော်လမ်းဆုံ ကားဂိတ် ကုန်တင်ကုန်ချ အလုပ်သမားရုံး အနောက်ဘက် တောင်စောင်းရှိ အလျား  ပေ ၃ဝဝ၊ အနံ ပေ ၂ဝ နဲ့ ၃ ပေလောက် မြေသားထု ပြိုကျခဲ့ပြီး ဇူလိုင် ၂၇ ရက်နေ့ကလည်း ကျိုက်ထီးရိုးရင်ပြင်ကျီးပါးစပ် သွားရာလမ်း ရေတံခွန်လမ်း အနီးရှိ တောင်ကမ်းပါးယံမြေစိုင် မြေသားအလျား ပေ ၇ဝဝ၊ အနံပေ ၃ဝ နဲ့ မြေသားထု ၇  ပေလောက် မြေသားထုတွေ ပြိုကျခဲ့ပါတယ်။

ဒါ့အပြင် ကျိုက်ထီးရိုးရင်ပြင် ပြည့်စုံ အခမဲ့ ဓမ္မာရုံ နဲ့ ပေ ၄ဝ လောက်အကွာ ကောက်ညှင်းပေါင်းတန်း နောက်ကျောရှိ မြေသား အလျား ပေ ၆ဝ၊ အနံ ၂၅ ပေ မြေသားထု ၇ ပေလောက်နဲ့ မုဆိုးတောင်လမ်းနဲ့နတ်ရေတွင်းကြားရှိ မြေသားအလျား ပေ ၅ဝ အနံ ၂၅ ပေ မြေသားထု ၇ ပေလောက်ရှိ မြေသားတွေ ဆက်တိုက်ပြိုကျခဲ့ပါတယ်။

ဇွန်လအစောပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်လမြိုင်မြို့က ကျိုက်သလ္လံဘုရားမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သတင်း- အာကာမင်း

ဓာတ်ပုံ-ဟိန်းဆက် | လင်းထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013