DVB Logo
Home
မြန်မာသတင်း
ဂျိုင်းဘောတံတား ရေမြင့်တက်မှုကြောင့် ကုန်တင်ယာဉ်များ သွားလာရေး အခက်ကြုံ
DVB
·
July 27, 2018
ဂျိုင်းဘောတံတား ရေမြင့်တက်မှုကြောင့် ကုန်တင်ယာဉ်များ သွားလာရေး အခက်ကြုံ
Donate to DVB

ကရင်ပြည်နယ်မှာ ဂျိုင်းမြစ်ရေကြီးမှုကြောင့် ကော့ကရိတ်မြို့အဝင် ဂျိုင်းဘောတံတား ရေမြင့်တင်မှုကြောင့် ကုန်တင်ယာဉ် အစီးရေ ရာနဲ့ချီ သွားလာရေး အခက်ခဲကြုံနေပြီး ကုန်စည်တွေ ပျက်စီးပုပ်သိုးမှာ စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာဘက်ကို တင်ပို့တဲ့ ကုန်စည်တွေဟာ ဂျိုင်းတံတားကို ဖြတ်ကျော်သွားရတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ မိုးသည်းထည်စွာ ရွာသွန်းမှုကြောင့် ဂျိုင်းမြစ်ရေးကြီးလာပြီး ဘောတံတားကို ရေကျော်လာတာကြောင့် ကုန်တင်ကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရတာ ဒီနေ့ဆို ၇ ရက်ရှိပြီဖြစ်လို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကုန်ကားကြီးတွေပေါ် တင်လာတဲ့ ကုန်စည်တွေ ပျက်စီးမှာကို စိုးရိမ်တဲ့အတွက် ကားအသေးလေးတွေနဲ့ ကဲ့ယူနေရတယ်လို့ ဆိုပါတယ်။

ကုန်ကားမောင်းသူ ကိုကျော်ကျော်ဦးက “တောင်းဆိုချင်တာကတော့ ပိုက်ဆံ ပေးရတာချင်းအတူတူ ကုန်စည်စီးဆင်းမှု မြန်ဆန်အောင် မြန်မြန်လေး လမ်းပွင့်အောင် တာဝန်ရှိတဲ့ သူတွေအနေနဲ့ လုပ်ပေးစေချင်ပါတယ်။ ဆုံးရှုံးမှုကတော့ အများကြီးပေါ့။ ကဲ့ရတဲ့သူတွေလည်း ရှိတယ်။ ပုပ်မယ့် သိုးမယ့် ကုန်တွေလည်း ရှိတယ်။ ကျနော်တို့ကတော့ ပုပ်မယ့်သိုးမယ့်ကုန်မဟုတ်လို့ မကူးဘူး။ တချို့ ပုပ်မယ့်သိုးမယ့် ကုန်တွေရှိလို့ ကူးတယ်။ ကားရေမြုပ်တယ်။ အင်ဂျင်တလုံးလုံး ကိုင်လိုက်ရတယ်။ ပိုက်ဆံရတာကမှ လေးငါးသိန်း၊ အင်ဂျင်တလုံးဖြစ်သွားရင် သိန်းတရာလောက်ထိရှိတယ်။” လို့ ပြောပါတယ်။

ကုန်ကားမောင်းသူ မျိုးမင်းဦးက “ကျနော်တင်လာတာက ငံပြာရည်နဲ့ မီးခံသေတ္တာတို့ ကုန်စုံပေါ့။ ပုပ်သိုးမယ့် ကုန်မဟုတ်ပေမယ့် ကြာလာရင် မိုးရွာတာနဲ့ ဒုက္ခရောက်နိုင်တယ်။ အခုက ကျနော်တို့ကားက ဆိုင်ရှေ့မှာ ပိတ်ရပ်ရတယ်ပေါ့။ ပိတ်ရက်တဲ့အခါ ဆိုင်ရှင် တွေက ဖယ်ခိုင်းရင် ဒီဆိုင်ကို လွတ်အောင်ဖယ်လိုက်ရင် ရှေ့ကဆိုင် သွားပိတ်ပြန်ရော။ မနေ့ကဆိုရင် လေးငါးခါလောက် ရွှေ့ပေးနေရတယ်” လို့ ပြောပါတယ်။

ကုန်တင်ယာဉ်တွေဟာ ထိုင်းကနေ တင်သွင်းတဲ့ စားကုန်လူသုံးကုန်တွေ၊ ကုန်ကြမ်းတွေ အများဆုံး တင်လာတာဖြစ်တာကြောင့် ဂျိုင်းဘောတံတားနဲ့ အိန္ဒူလမ်းပိုင်း အမြန်ဆုံးပြုပြင်ပေးစေချင်တယ်လို့ ကားသမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013