DVB Logo
Home
မြန်မာသတင်း
တာဝန်ရှိသူများ တားမြစ်သော်လည်း ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ ဆက်လုပ်
DVB
·
July 27, 2018
တာဝန်ရှိသူများ တားမြစ်သော်လည်း ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ ဆက်လုပ်
1 / 3
Donate to DVB

မရမ်းကုန်းမြို့နယ် တာဝန်ရှိသူနဲ့ ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပေမယ့် ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

လူထုဆန္ဒကို အခြေခံပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရည်ရွယ် ပြုလုပ်တဲ့ ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ (ရန်ကုန်) ကို ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၉ နာရီကနေစပြီး ညနေ ၄ နာရီအထိ ရန်ကုန် မျက်မမြင်ကျောင်း(ခဝဲခြံ) မှာ ပြုလုပ်နေတာပါ။

အဲဒီငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲကို မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ တားမြစ်ပြောဆိုခဲ့တဲ့ကြားကနေ အခုလို ကျင်းပပြုလုပ်ခဲ့တာလို့ ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ (ရန်ကုန်) ကျင်းပရေးကော်မတီ အကျိုးဆောင် ဦးထွန်းဝင်းငြိမ်းက ပြောပါတယ်။

ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ ပြုလုပ်ဖို့အတွက် ခွင့်ပြုမိန့် တင်ပြ တောင်းခံရမယ်။ ခွင့်ပြုမိန့် မရှိရင် ပွဲကျင်းပတာမျိုးတွေ မလုပ်ရဘူးလို့ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က ဇူလိုင်လ ၂၆ ရက်နေ့က တားမြစ် ပြောဆိုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ (ရန်ကုန်) ကျင်းပရေးကော်မတီ အကျိုးဆောင် ဦးထွန်းဝင်းငြိမ်းက “ငြိမ်းချမ်းရေးကို လူထုအင်အားနဲ့ပဲ တည်ဆောက်နိုင်မှာ ဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လူထုဆန္ဒ မပါဘဲ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အာဏာပိုင်တွေကမှ ဖိအားပေးဆောင်ရွက်လို့ မရဘူး။ ဒါ့ကြောင့်မို့ လူထုဆန္ဒကို အခြေခံပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် ဒီပွဲကို ကျင်းပရတာ” လို့ ပြောပါတယ်။

နှီးနှောဖလှယ်ပွဲကို UNA၊ SNLD၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ဗကသများ အဖွဲ့ချုပ်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ကယန်း အမျိုးသမီးအစည်းအရုံး၊ Line၊ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေ အထောက်အကူပြုသူများအဖွဲ့၊ ချင်း ဗုဒ္ဓသာသနာ့ပါလက၊ ဘာသာရေး လေးခုမှ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့တွေ အပါအဝင် တောင်ပေါ် မြေပြန့်က နိုင်ငံရေး အင်အားစုများနှင့် အသိပညာရှင် အတတ်ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ မေလက ခွင့်ပြုမိန့် တောင်းစရာ မလိုဘဲ အခုလို ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲမျိုး ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်မြိုကျမှ ခွင့်ပြုမိန့် မတောင်းလို့ လာရောက်တားမြစ်တာလို့ ပြောပါတယ်။

ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲကို ဇူလိုင်လ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013