DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်သရုပ်ဆောင် ဆန်ကာတင်ရွေးပွဲ ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုအကြံပြု
DVB
·
July 20, 2012
ဗိုလ်ချုပ်သရုပ်ဆောင် ဆန်ကာတင်ရွေးပွဲ ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုအကြံပြု
Donate to DVB

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးဖို့အတွက် ဗိုလ်ချုပ်နေရာ သရုပ်ဆောင်မယ့်သူနဲ့ ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်မယ့်သူ ဆန်ကာတင်ရွေးချယ်ပွဲ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင် ကြည့်ရှုခဲ့ပါတယ်။

[caption id="attachment_28213" align="alignleft" width="300" caption="photo - Bogyoke Aung San Movie facebook"][/caption]

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ လူတွေ့ စစ်ဆေးပွဲမှာ ဗိုလ်ချုပ်နေရာ သရုပ်ဆောင်မယ့်သူ ၇ ဦးနဲ့ ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်မယ့်သူ ၄ ဦးတို့ ၀င်ရောက်ရွေးချယ်ခံခဲ့ကြပြီး ဒီထဲက ရွေးခံရသူ ၄ ဦး ကို ဒီလကုန် ထုတ်ဖော်ကြေညာမှာ ဖြစ်ပါတယ်။

 

ဒီနေ့ လူရွေးချယ်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ဖခင်နဲ့ မိခင်နေရာ သရုပ်ဆောင်မယ့်သူတွေကို အကြံပြုတာသာရှိပြီး၊ ရွေးချယ်ဖို့ အမှတ်ပေး ဆောင်ရွက်တာမျိုး မရှိဘူးလို့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒါရိုက်တာဝိုင်းက ပြောပါတယ်။

ဆန်ကာတင် ရွေးချယ်ပွဲပြုလုပ်ခဲ့ပုံကိုလည်း ဒါရိုက်တာဝိုင်းက ခုလို ပြောပြပါတယ်။

“အိုက်တင်လုပ်ခိုင်းတဲ့အခါ ဗိုလ်ချုပ်ဆိုရင်လည်း ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားတွေထဲက အင်္ဂလိပ်လိုတခု မြန်မာလိုတခု လုပ်ခိုင်းတယ်။ နောက် ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည် ဆေးရုံမှာပြောတဲ့ စကား ဇာတ်ဝင်ခန်း အတိုလေး ဒါတွေကို အန်တီရှေ့မှာ သရုပ်ဆောင်စေခဲ့တာပါ။”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်ဆန်ကာတင် ရွေးချယ်ပွဲမှာ ဒါရိုက်တာဝိုင်း၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင်၊ သရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း၊ ထွန်းအိန္ဒြာဗိုလ် စသူတို့က အကဲဖြတ် အမှတ်ပေးခဲ့ကြပါတယ်။

ဗိုလ်ချုပ်နေရာနဲ့ ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပြည်သူ့အသံနားထောင်ဖို့ ရှိတဲ့အကြောင်းလည်း ဒါရိုက်တာဝိုင်းက ခုလို ပြောကြားသွားပါတယ်။

“ကျနော်တို့အနေနဲ့ လူပေါင်း ၁၅၇ ယောက်ထဲကတော့ အတတ်နိုင်ဆုံး ရွေးထုတ်ထားခဲ့တာပါပဲ။ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီ မညီဆိုတာတော့ ရွေးပြီးတော့မှပဲ ပြည်သူ့အသံ နားထောင်ရမှာပါပဲ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013