DVB Logo
Home
မြန်မာသတင်း
သူငယ်ချင်း၏ဇနီးအားသတ်ပြီး နားကပ်နှင့်ငွေယူသည့် မြန်မာအလုပ်သမားကို ဖမ်းမိ
DVB
·
July 27, 2018
သူငယ်ချင်း၏ဇနီးအားသတ်ပြီး နားကပ်နှင့်ငွေယူသည့် မြန်မာအလုပ်သမားကို ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ဘွမ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ညက မြန်မာအမျိုးသမီး ၁ ဦး လည်ပင်းမှာ ဓားစိုက်လျက်သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက   အခန်းချင်းကပ်လျက်နေထိုင်သူ မြန်မာအလုပ်သမား ၁ ဦးကို ဖမ်းဆီး လိုက်ပါတယ်။

ဘန်ဘွမ်နယ်မြေ ဘန်ခွန်ထိန်းလမ်း ၅ ထပ်တိုက် အလွှာ ၃ က အခန်းတခန်းမှာ ငှားရမ်းနေထိုင်သူ မဇင်မာဝင်း (၂၇ နှစ်) ဟာ  ဖိနပ်ချုပ်စက်ရုံတရုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး ဇူလိုင် ၂၅ ရက်နေ့ ည ၄ နာရီလောက်က အခန်းကို ပြန်သွားကြောင်း၊ တနေရာတည်း အလုပ်လုပ်နေသူ ခင်ပွန်းဖြစ်သူ ည ၇ နာရီလောက် အခန်းကိုပြန်ရောက်တော့  ဇနီးဖြစ်သူ လည်ပင်းမှာ မီးဖိုချောင်သုံးဓားစိုက်လျှက် ပက်လက်အနေအထား သေဆုံးနေတာတွေ့လို့ သက်ဆိုင်ရာနယ်မြေ ရဲစခန်းကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ရဲတွေရောက်သွားတဲ့အချိန် အခန်းတခုလုံး မွှေနှောက်ရှာဖွေခံထားရသလို ရှုပ်ပွနေပြီး ဇနီးဖြစ်သူရဲ့ ရွှေနားကပ်တရံ နဲ့ ဘတ်ငွေ ၂ သောင်းလောက်ပါ ပိုက်ဆံအိတ်တလုံးလည်း ပျောက်ဆုံးနေတယ်လို့ ခင်ပွန်းဖြစ်သူ စိုးသူဌေးက ရဲတွေကို တိုင်ကြားထားပါတယ်။

သူတို့လင်မယားဟာ ဒီမတိုင်ခင်က သူတို့အခန်းသော့တူတချောင်းကို လိုရမယ်ရ ဘေးချင်းကပ်အခန်းဖော်  မြင့်ကျော်ကို ပေးအပ်ထားကြောင်း၊ အခင်းဖြစ်တဲ့နေ့က မြင့်ကျော် ပျောက်ဆုံးနေတဲ့အတွက် ရဲတွေက သူ့ကို အဓိကတရားခံအဖြစ် ပစ်မှတ်ထား ရှာဖွေခဲ့ပါတယ်။

ရဲတွေက စီစီကင်မရာတွေကနေ လိုက်လံရှာဖွေရာမှာ ဇူလိုင်လ ၂၆ ရက်နေ့ ညမှာတော့ ဆမွတ်ဆာခွန်းမြို့ ထာ့ကျင်းရပ်ကွက် အမှတ် ၂၃ သက်သာအိမ်ရာ ၄ လွှာ တိုက်ခန်း တခုတည်းမှာ ပုန်းရှောင်နေတဲ့ မြင့်ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ရဲတွေရဲ့ စစ်ဆေးမေးမြန်းချက်အရ မြင့်ကျော်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ညက သေဆုံးသူ မဇင်မာဝင်းရဲ့ အခန်းထဲဝင်လာပြီး ငွေ ၅ ထောင်ချေးငှါးခဲ့ကြောင်း၊ မဇင်မာဝင်းက မပေးတဲ့အတွက် နှစ်ယောက်သား စကားများပြီး သူက မီးဖိုချောင်းသုံးဓားနဲ့ မဇင်မာဝင်းရဲ့ လည်ပင်းကို ၃ ချက်ထိုးစိုက်ခဲ့ကြောင်း၊ အဲဒီနောက် ဘတ်ငွေ ၁ သောင်း ၈ ထောင်ခိုးယူပြီး ထွက်ပြေးခဲ့တယ်လို့ ဖွင့်ဟ၀န်ခံသွားပါတယ်။

မြင့်ကျော်ကို ထာ့ခမ့်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ခိုးမှု၊ လက်နက်မှု၊ လူသတ်မှုတွေနဲ့ အရေးယူသွားမယ်လို့ ထာ့ခမ်းရဲတပ်ဖွဲ့မှ ရဲမှူး ဖုန်းအာနန်က သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013