DVB Logo
Home
မြန်မာသတင်း
အခွန်တံဆိပ်ခေါင်း တရားမ၀င်ရောင်းချသူများ တွေ့ရှိပါက တိုင်ကြားနိုင်
DVB
·
July 27, 2018
အခွန်တံဆိပ်ခေါင်း တရားမ၀င်ရောင်းချသူများ တွေ့ရှိပါက တိုင်ကြားနိုင်
Donate to DVB

အခွန်တံဆိပ်ခေါင်း  တရားမ၀င် ရောင်းချတာတွေ တွေ့ရှိပါက တိုင်ကြားနိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေးကြေညာချက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

တံဆိပ်ခေါင်း အက်ဥပဒေ၊ ရုံးခွန်တံဆိပ်ခေါင်း ရောင်းချခြင်းဆိုင်ရာ ဥပဒေများနဲ့ အခွန်တံဆိပ်ခေါင်း ရောင်းချခြင်းဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနဲ့အညီ မြန်မာနိုင်ငံတဝန်း လိုင်စင်ရ တံဆိပ်ခေါင်းရောင်းချသူ ၃၅၁ ဦးကို ခန့်အပ်ပြီး ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

အခုလို ရောင်းချခွင့် ပေးထားပေမယ့် အသုံးပြုဖို့မလိုဘဲ အကြောင်းအမျိုးမျိုးပြ ဝယ်ယူကာ တံဆိပ်ခေါင်းတွေကို တရားမဝင် ရောင်းချသူများထံ အမြတ်တင်ပြီး ပြန်လည်ရောင်းချတာတွေ စစ်ဆေးတွေ့ရှိရပါတယ်။

ရုံးခွန်အက်ဥပဒေ ပုဒ်မ-၃၄၊ ပုဒ်မခွဲ(၃) အရ တံဆိပ်ခေါင်းရောင်းချသူဟာ ပြဋ္ဌာန်းချက်ကို မလိုက်နာလျှင်ဖြစ်စေ၊ ခန့်အပ်ထားခြင်း မခံရသူက တံဆိပ်ခေါင်းရောင်းချလျှင် ဒါမှမဟုတ် ရောင်းချရန် ကမ်းလှမ်းလျှင်ဖြစ်စေ၊ တံဆိပ်ခေါင်းကို တရားမဝင် လက်ဝယ်ထား ရှိလျှင်ဖြစ်စေ၊ ထောင်ဒဏ် ၆ လဖြစ်စေ၊ ကျပ် ငါးသိန်း ဒဏ်ငွေဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့  ပါရှိပါတယ်။

မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ-၆၉ အရ တံဆိပ်ခေါင်းရောင်းချရန် ခန့်အပ်ထားသူ မည်သူမဆို ပုဒ်မ-၇၄ ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေ တစုံတရာကို မလိုက်နာလျှင် ဖြစ်စေ၊ ခန့်အပ်ထားခြင်းမခံရဘဲ ကျပ် ၁၀ တန် တံဆိပ်ခေါင်းမှအပ အခြားတံဆိပ်ခေါင်း ရောင်းချလျှင် ဒါမှမဟုတ် ရောင်းချရန် ကမ်းလှမ်းလျှင် ဖြစ်စေ၊ တံဆိပ်ခေါင်းကို တရားမဝင် လက်ဝယ်ထားရှိလျှင် ထောင်ဒဏ် ၆ လဖြစ်စေ၊ ကျပ် ၁ သိန်း ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမယ်လို့ ပါရှိပါတယ်။

အထက်ပါ သတ်မှတ်ပြဋ္ဌာန်းချက်တွေကို မလိုက်နာတဲ့ လိုင်စင်ရ တံဆိပ်ခေါင်း ရောင်းချသူတွေနဲ့ တရားမဝင် တံဆိပ်ခေါင်း ရောင်းချသူတွေကို တွေ့ရှိလျှင် ဖုန်းနံပါတ် - ဝ၆၇-၃၄၃ဝ၅၂၂၊ အီးမေးလ်- irdmedia2018@gmail သို့ တိုင်ကြားနိုင်ကြောင်း ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013