DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသို့ တရားမဝင် အလုပ်သမား ခေါ်ဆောင်သူ ၂ ဦးကို အမှုဖွင့်
DVB
·
July 27, 2018
တရုတ်နိုင်ငံသို့ တရားမဝင် အလုပ်သမား ခေါ်ဆောင်သူ ၂ ဦးကို အမှုဖွင့်
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှာ တရုတ်နိုင်ငံ စက်ရုံမှာ လစာကောင်းရမယ် ဆိုပြီး တရားမဝင် အလုပ်သမား ခေါ်ဆောင်သူအား အမှုဖွင့်လိုက်တယ်လို့ ပင်းတလဲ ရဲကင်းစခန်းက ပြောပါတယ်။

တရုတ်နိုင်ငံဘက်မှာ အလုပ်လုပ်ရင် တလ ၆ သိန်းလောက် ရကြောင်း၊ ကုန်ကျစရိတ် ငွေ ၆ သိန်းဖြစ်ပြီး အလုပ်မရခင် ရက် ၂ဝ လောက် ကျွေးမွေးစရိတ် ပါတယ်လို့ ဝမ်းတွင်းမြို့နယ် သီးကုန်းရွာနေ ကိုထွန်းမြင့်က ဆင်သေကွေ့ရွာနေ မချိုချို(ခ)မချိုမာမြင့်ကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မချိုချိုက “ကျမက အလုပ်လုပ်ချင်ကြောင်းပြောလို့ သီးကုန်းရွာက ၅ ဦးနဲ့ ဆင်သေကွေ့ရွာက ၃ ဦး၊ ကျမ အပါအဝင် ပေါင်း ၈ ဦး လိုက်လာခဲ့ပြီး မူဆယ် ရောက်တော့ မမြင့်အေးက ကချင်လင်မယားထံ အပ်တယ်။ အဲဒီလင်မယားကပဲ တရုတ်နိုင်ငံထဲကို ခေါ်ပြီး ကျောပိုးအိတ်စက်ရုံမှာ အလုပ်လုပ်ရတယ်။ အလုပ်လုပ်တာ ၆ ရက်မြောက်နေ့မှာ ကျောပိုးအိတ်စက်ရုံကနေ အခန်းကို အပြန် တရုတ်ရဲဖမ်းလို့ ထွက်ပြေးတော့ လူချင်းကွဲပြီး ကျမ ချောင်းထဲ ပြုတ်ကျတယ်။ ၁ လနဲ့ ၂ ရက် ဆေးရုံတက်ရတယ်။ နေကောင်းလာတော့ မြန်မာနိုင်ငံဘက် ပြန်ပို့ပေးတယ်” လို့ ပြောပါတယ်။

‎ဝမ်းတွင်းမြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင် ပြန်ဆက်ဦးစီးမှူး ဦးမြင့်ဇော်က “တရုတ်ဘက်က မူဆယ်မှာရှိတဲ့ လူမှုကူညီရေးကို အပ်တယ်။ အဲဒီကနေ မန္တလေးက အမျိုးသမီးသက်မွေးကျောင်းကို ပို့ပေးတယ်။ အဲဒီကတဆင့် ဝမ်းတွင်း ရောက်လာတယ်” လို့ ပြောပါတယ်။

ပင်းတလဲရဲကင်းစခန်းမှူး ရဲအုပ် မင်းမင်းထွေးက “ဇူလိုင် ၂၅ ရက်မှာ မချိုချိုကပဲ တရားလိုလုပ်ပြီး ကိုထွန်းမြင့်နဲ့ မမြင့်အေးကို အမှုလာဖွင့်တယ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ပင်းတလဲရဲကင်းစခန်းမှာ ကိုထွန်းမြင့်နဲ့ မမြင့်အေးတို့ ၂ ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013