DVB Logo
Home
မြန်မာသတင်း
အောင်ရဲထွေး သေဆုံးသည့်အမှု ကျေအေးပြီး ဖမ်းထားသူများကို လွှတ်ပေးခြင်း တရားဥပဒေစိုးမိုးရေး ထိခိုက်ဟုဆို
DVB
·
July 27, 2018
အောင်ရဲထွေး သေဆုံးသည့်အမှု ကျေအေးပြီး ဖမ်းထားသူများကို လွှတ်ပေးခြင်း တရားဥပဒေစိုးမိုးရေး ထိခိုက်ဟုဆို
Donate to DVB

Facebook ဆယ်လီ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးတဲ့အမှုကို ရုပ်သိမ်းခွင့်ပေးလိုက်တာဟာ လက်ရှိအစိုးရ အလေးပေး လုပ်ဆောင်နေတဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေတွေက ထောက်ပြ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်သစ်ကူးညက လူအုပ်စုလိုက် ရိုက်နှက်မှုကြောင့် ဟာသ ဗွီဒီယိုတွေနဲ့ နာမည်ရလာတဲ့ အောင်ရဲထွေး သေဆုံးမှုကို တရားလိုဘက်က အမှုကို ကျေအေးပြီး ရုပ်သိမ်းဖို့ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။

တရားလိုဘက်က အမှုကို ကျေအေးလိုက်တဲ့အတွက် အရှေ့ပိုင်းခရိုင်တရားရုံးက အမှု ရုပ်သိမ်းလိုက်ပြီး ဖမ်းထားတဲ့ ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ လူမှုကွန်ရက်စာမျက်တွေပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်နေသလို ရှေ့နေတွေကတော့ ဒီဖြစ်ရပ်ဟာ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကို ပြည်သူတွေ အယုံအကြည် ကင်းမဲ့အောင် လုပ်ဆောင်နေတဲ့ ဖြစ်ရပ်လို့ ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ရောဘတ်ဆန်းအောင်က “နေရာတကာမှာ လွယ်လင့်တကူ အစုအဝေးလိုက် လူမြင်ကွင်းမှာ အခုလို သတ်တဲ့ကိစ္စတွေကို လွယ်လင့်တကူ ရုပ်သိမ်းခွင့်ပေးမယ်ဆိုရင် ဒါ တရားစီရင်ရေးကို စိန်ခေါ်တာပဲ။ တရားသူကြီးက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ ဆင်ခြင်တုံတရားအရ ပေးလို့ရတယ်။ ဒါပေမယ့် အဲဒီ ဆင်ခြင်တုံတရားက ငါ လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်လို့မရဘူး။ ဒါကို Own Motion လို့ခေါ်တဲ့ ကိုယ်ပိုင်မူလဘူတ အာဏာအရ ရာဇဝတ်ပြင်ဆင်မှု (က) ကို အမြန်ဖွင့်လှစ်ပြီးတော့ ပြန်လည်ကြားနာ သုံးသပ်ပေးဖို့ လိုတယ်” လို့ ပြောပါတယ်။

ဒီလို ကျေအေးလိုက်တဲ့ ဖြစ်ရပ်ဟာ တရားစီရင်ရေးကာလမှာ မကြုံဖူးတဲ့ ဖြစ်ရပ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။ အရင်ကတည်းက တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ယိုင်နဲ့မှုကို ပိုယိုင်နဲ့အောင် လုပ်ဆောင်တဲ့ ဖြစ်ရပ်လို့လည်း ရှေ့နေအများစုက သုံးသပ်ပါတယ်။ အမှုရုပ်သိမ်းဖို့ ဆုံးဖြတ်ပေးတဲ့ တရားရုံးရဲ့ ဆင်ခြင်တုံတရားကိုလည်း မေးခွန်းထုတ်နေကြပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက “အမှုရုပ်သိမ်းခြင်း၊ မရုပ်သိမ်းခြင်းက နိုင်ငံတော်အစိုးရနဲ့ပဲ ဆိုင်တယ်။ တင်ပြတဲ့အခါကျတော့ ဒီအမှုကို ရုပ်သိမ်းဖို့ သင့်၊ မသင့်ကို တိုင်းဥပဒေချုပ်ကနေပြီးတော့ ရုပ်သိမ်းဖို့ ခွင့်ပြုလိုက်တယ်လို့ ပြောတယ်။ အဲဒီတော့ တိုင်းဥပဒေချုပ်ဟာ ဒီအမှုမှာ ရုပ်သိမ်းခွင့် ပေးသင့် မပေးသင့်ကို ပိုမိုဆင်ခြင်စဉ်းစားသင့်တယ်။ ဆင်ခြင်တုံတရား အလေးအနက် စဉ်းစားသင့်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်သစ်ကူးညက The One Intertainment မှာ ပြုလုပ်တဲ့ နှစ်ကူးပွဲ လူမြင်ကွင်းမှာ လူအုပ်စုလိုက် ရိုက်နှက်ခဲ့တဲ့အတွက် ဦးခေါင်းမှာ ဒဏ်ရာရတွေရပြီး အောင်ရဲထွေး သေဆုံးခဲ့တာပါ။

ဒီအမှုမှာ ပုဒ်မ ၄၉၄ အရ အမှုကို စွဲချက်မတင်မီ ရုပ်သိမ်းရင် တရားရှင် လွှတ်တယ်လို့ ပါရှိပါတယ်။ ပုဒ်မ ၄၉၄ အရ ဥပဒေအရာရှိနဲ့ တရားရုံးရဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013