DVB Logo
Home
မြန်မာသတင်း
ဇီးကုန်း အများပိုင်သောက်ရေကန်တွင် ရေခပ်သူ ၇ ဦးနှင့်အလှူရှင် တရားစွဲခံရ
DVB
·
July 27, 2018
ဇီးကုန်း အများပိုင်သောက်ရေကန်တွင် ရေခပ်သူ ၇ ဦးနှင့်အလှူရှင် တရားစွဲခံရ
Donate to DVB

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ဇီးကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်အတွင်းရှိ အများပြည်သူပိုင် သောက်သုံးရေကန်ကို တဦးတည်းအပိုင်လုပ်ပြီး ရေခပ်သူ ၈ ဦး တရားစွဲခံထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ဒီဘီဗွီကို ပြောပါတယ်။

ဦးဆောင်သူ ဦးမြင့်သိန်းက “အခု သူပိုင်တယ်ဆိုပြီး ကန်ကို ခြံလာခတ်တဲ့ ဦးဇော်ဝမ်းက ၂ဝဝ၄ ခုနှစ်က တခါ သူပိုင်တယ်ဆိုပြီး လုပ်လို့ အရင်မြေပိုင်ရှင် အုပ်ချူပ်ရေးပိုင်းနဲ့ ရပ်မိရပ်ဖတွေ ရှင်းပေးလို့ အများပြည်သူ သောက်သုံးရေကန်ကို ပြန်ရခဲ့တယ်။ အခု ၂ဝ၁၈ ခုနှစ် ၅ လပိုင်းကျတော့ သူ ပိုင်တယ်၊ မြေစာရင်းမှာ ငွေသုံးသိန်းပေးပြီး ပိုင်ဆိုင်မှု လုပ်ထားတာ ဘယ်သူမှ ဂရုမစိုက်ဘူးဆိုပြီး ကန်ကို ခြံခတ်တယ်။ ကန်ထဲ ရေသွားခပ်တဲ့သူ  ၇ ဦးနဲ့ ရေကန်အလှူရှင် မိသားစုဝင်တဦးကို တရားစွဲထားတယ်။ ဝန်ကြီးချူပ်နဲ့ ဇီးကုန်းမြို့နယ်က ဌာနဆိုင်ရာ အကုန်စာတင်ထားတယ်။ မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးက ခေါ်ရှင်းပေးတော့ ကျနော်တို့တင်တဲ့ စာကရုံးစာမဝင်တဲ့အတွက် ဘောင်မဝင်ဘူးလို့” လို့ ပြောတယ်။

သောက်သုံးရေကန် အလှူရှင်မိသားစုဝင် ဒေါ်စန်းစန်းဦးက “၁၉၆၄ ခုနှစ်မှာ ကျမဘိုးဘွားတွေက အများပြည်သူ သောက်သုံးဖို့အတွက် ရေစက်ချလှူထားခဲ့တာ။ ၁၉၉၈ ခုနှစ်မှာ ဆန်စက်နဲ့ခြံကို ပြန်ရောင်းခဲ့တယ်။ သောက်သုံးရေကန် မပါဘူး။ ဒါကို ကျမက အခုပြသနာတွေ ဖြစ်နေတယ်ကြားလို့ လာရှင်းပေးတာကို ဦးဇော်ဝမ်းက လက်မခံဘူး၊ ကျမကို တရားစွဲထားတယ်” လို့ ပြောပါတယ်။

အမှတ်(၁) ရပ်ကွက်အုပ်ချူပ်ရေးမှူးဟောင်း ဦးနေစိုးက “အမှတ်(၁)ရပ်ကွက်မှာ အိမ်ထောင်စု ၁၅ဝဝ ရှိတယ်။ သောက်သုံးရေကန်ကို မှီခိုသုံးစွဲတဲ့ အိမ်ထောင်စု ၅ဝဝ ကျော်ရှိတယ်။ အလယ်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူ ၅ဝဝ လောက်ရှိတယ်။ ကျောင်းကလည်း ဒီသောက်ရေကန်က ရေကိုပဲ သောက်သုံးရတယ်။ အခုသောက်သုံးရေကန်ကို ခြံခတ်လိုက်တော့ သူတို့မှာ တော်တော်အခက်အခဲဖြစ်ပြီး ရေဝယ်သုံးနေရတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝ လောက်က မြေပိုင်ရှင် ဦးစိန်ထွန်းက သောက်သုံးရေကန်နဲ့ အခုရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး မြေနေရာကို လှူခဲ့တာပါ” လို့ပြောပါတယ်။

အမှတ် ၁ ရပ်ကွက်အတွင်းရှိ အများပြည်သူပိုင် သောက်သုံးရေကန်မှာ ရပ်ကွက်အလယ်မှာရှိပြီး အခုခြံခတ်ထားတာကြောင့် ချုံနွယ်တွေနဲ့ ပြည့်နေပြီး ကျန်းမာရေးအတွက် စိုးရိမ်တာတွေ ရှိနေပါတယ်။

ပြည်သူတွေကတော့ ဇီးကုန်းမြို့နယ်က ဌာနဆိုင်ရာတွေအနေနဲ့ ဖြေရှင်းတာတွေ မလုပ်ပေးတာနဲ့ တဦးတည်းပိုင်အဖြစ် မြေစာရင်းက ပိုင်ဆိုင်မှုထုက်ပေးခဲ့တဲ့ အများပြည်သူပိုင် သောက်သုံးရေကန်ပျောက်ပြီး တရားစွဲခံထားရတဲ့အတွက် လိုအပ်ပါက ဆန္ဒထုက်ဖော်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013