DVB Logo
Home
မြန်မာသတင်း
နေပြည်တော် အစိုးရဝန်ထမ်းအိမ်ရာများဆောက်ရန် ကျပ်သန်း ၅ သောင်း ချပေးထား
DVB
·
July 27, 2018
နေပြည်တော် အစိုးရဝန်ထမ်းအိမ်ရာများဆောက်ရန် ကျပ်သန်း ၅ သောင်း ချပေးထား
Donate to DVB

နေပြည်တော်ရှိ အစိုးရဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ဖို့အတွက် ကျပ်သန်း ၅ သောင်း ချပေးထားတယ်လို့ နေပြည်တော်ကောင်စီဝင်က ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂ဝ၁၈-၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းတွေနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် တင်ပြတာမှာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက အခုလို တင်ပြတာပါ။

"ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၄၄၂၆၆ ဒသမ ၈၉၉ သန်းထဲမှာဖြစ်ပါတယ်။ အဲဒီမှာ ပြည်ထောင်စုအစိုးရက နေပြီး နေပြည်တော်မှာရှိတဲ့ အစိုးရဝန်ထမ်းတွေအတွက် နိုင်ငံဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ဖို့ ကျပ်သန်း ၅ဝဝဝဝ ချမှတ်ပေးပါတယ်။"

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဇူလှိုင် ၂၅ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ၂ နှစ်ပြည့် အခမ်းအနားမှာ ထူးချွန်ဝန်ထမ်းတွေနဲ့ ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကို ဂုဏ်ပြုဆုများပေးအပ်တာမှာ ဝန်ထမ်းမိသားစုတွေရဲ့ ဘဝကို ပိုပြီးစိုပြေအောာင် တတ်နိုင်သမျှ ကြိုးစားပြီး လုပ်ပေးမှာဖြစ်သလို ဝန် ထမ်းအိမ်ရာကိစ္စကို အဓိကထားတယ်လို့ ပြောကြားခဲ့ပါတယ်။

"ဝန်ထမ်းအိမ်ရာကို အဓိကထားရတယ်ဆိုတာဟာ ဝန်ထမ်းတွေဟာ နိုင်ငံအတွက် လုပ်သက်တသက်လုံး အင်အားတွေ စိုက်ထုတ်ပြီးတဲ့အခါကျတော့ အေးအေးဆေးဆေးနဲ့ အငြိမ်းစားယူနိုင်စေချင်တယ်။ ကိုယ့်မှာ ဒီနိုင်ငံအတွက် တာဝန်တွေထမ်းဆောင်ပြီးတဲ့အချိန်မှာ ဘယ်သွားရမှန်းမသိ၊ ဘယ်နေရမှန်းမသိ၊ ဘယ်သားသမီးနဲ့ကပ်ပြီးနေရမှန်းမသိ၊ ဘယ်သွားပြီးတော့ နေစရာရှာရမှန်းမသိတဲ့ ဘဝမျိုးမဖြစ်စေချင်ဘူး။ နိုင်ငံ့တာဝန်ထမ်း ဆောင်ပြီးတဲ့ အချိန်ကာလမှာ အေးအေးဆေးဆေးနဲ့ ကိုယ့်ရဲ့ဆန္ဒအရပေါ့။ လောကီအလုပ်ပဲဖြစ်ဖြစ်၊ လောကုတ္တရာအလုပ်ပဲဖြစ်ဖြစ် ဆက်ပြီးတော့လုပ်နိုင်မယ့် အနေအထား ရှိစေချင်တယ်။ ဒါကြောင့်မို့ ကျမတို့က ဝန်ထမ်းအိမ်ရာတွေကို အင်မတန်မှ ဦးစားပေးတယ်။ ဦးစားပေးတယ်ဆိုတာဟာ ရေတိုမဟုတ်ပါဘူး။ ရေတိုဝန်ထမ်း ကောင်းတွေရဖို့တင် မဟုတ်ဘူး။ ရေရှည်မှာ နိုင်ငံပေါ်မှာ တာဝန်ကျေသွားတဲ့ ဝန်ထမ်းအနေနဲ့ စိတ်အေးလက် အေးနဲ့ နေသွားဖို့ဖြစ်ပါတယ် " လို့ ပြောဆိုခဲ့ပါတယ်။

ဒီလို လုပ်ပေးနိုင်ဖို့ နိုင်ငံဖွံ့ဖြိုးဖို့နဲ့ ဘဏ္ဍာရေးတောင့်တင်းဖို့လည်း လိုတယ်လို့ ဆိုပါတယ်။ ဘဏ္ဍာတောင့်တင်းဖို့ အစိုးရက ရုန်းကန်ပံ့ပိုးပေးရသလို ဝန်ထမ်းတွေကလည်း အစိုးရအဖွဲ့ကို ပံ့ပိုးတဲ့အခါမှာ စေတနာသန့်သန့်နဲ့ ပံ့ပိုးစေချင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013