DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့တွင် ရှပ်ပြေးယာဉ်တိမ်းမှောက်
DVB
·
July 20, 2012
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်မြို့ တရုတ်တန်းရပ်ကွက် ရှပ်ပြေးယာဉ် ဂိတ်ကနေ စထွက်စ မြတ်မင်းအောင် အမည်ရှိ ရှပ်ပြေးယာဉ် ၁ စီး တိမ်းမှောက်နစ်မြုပ်ခဲ့ပြီး လူအသေအပျောက် ရှိပါတယ်။

မနက် ၉ နာရီကျော်က တရုတ်တန်း ရှပ်ပြေးယာဉ်ဂိတ်ကနေ အထွက် ကမ်းစပ်ကနေ ၁၅ ပေခန့်အကွာမှာ ယာဉ်တိမ်းမှောက်ခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။ ရှပ်ပြေးယာဉ်ဟာ လူ ၇၀ ခန့်ဆန့်တဲ့ယာဉ် ဖြစ်ပေမယ့် လူ ၁၂၀ လောက် စီးနင်းလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

ဝမ်းဗိုက်မှာ ဒဏ်ရာနဲ့ တပ်မတော်သားတဦး ကွယ်လွန်ခဲ့သလို ဗန်းမော်ဆေးရုံ ရောက်တဲ့ လူငယ် ၂ ဦးရဲ့ အလောင်းကို ရရှိပြီး ကျန်ပျောက်ဆုံးသူတွေကို ရှာနေဆဲ ဖြစ်ပါတယ်။ နယ်မြေခံ အမျိုးသမီးတဦးက အခြေအနေကို ခုလို ပြောပါတယ်။

“၉ နာရီ ၁၅ လောက်က ကမ်းကနေအထွက်မှာပဲ ဂီယာမ၀င်ဖြစ်ရာက မော်တော်က မြုပ်သွားတာ။ ခရီးသည်တချို့ပြန်ရတာလည်းရှိတယ်၊ သေတာလည်း ရှိတယ်၊ ကမ်းနားမှာက ရေစီးကြမ်းပြီး ရေတော်တော် တက်ထားပါတယ်။ ရွှေဂူလောက်ပဲစီးတယ်ဆိုရင် လက်မှတ်မ၀ယ်ကြတော့ စာရင်းအတိအကျတော့ မသိဘူး။ ဒါပေမယ့် ဥပမာ ဒီဟာက လူ ၇၀ လောက်ဆံ့တဲ့ဟာကို အပြောအရကတော့ ၁၂၀ လောက်ပါတယ်လို့ ပြောကြတာပဲ။ လှေက မောင်းနေရင်းနဲ့ ရုတ်တရက် မှောက်သွားတဲ့အခါကျတော့ ပိတ်မိတာပေါ့။ လူအသေအပျာက်ဆိုတာက မော်တော်က မြုပ်ကျသွားတဲ့အခါကျတော့ မော်တော်ထဲမှာပါတာပေါ့။ မော်တော်မြုပ်ပြီးတော့မှ လွင့်စင်သွားတဲ့လူတချို့လည်း ရေမကူးတတ်တော့ နစ်သွားတာပေါ့။ ကျမတို့ အချိန်မီ မကယ်ဆယ်နိုင်ဘူးပေါ့။”

ဝမ်းခေါင်းစောက်နက်တဲ့ အဲဒီရှပ်ပြေးယာဉ်မှာ အမိုးကာထားတာကြောင့် ၀မ်းခေါင်းအတွင်းကျတဲ့ လူတွေမထွက်နိုင် ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။ ရေကူးလွတ်မြောက်လာသူ ၆၀ ခန့် ကမ်းကို ရောက်ရှိလာပေမယ့်  ကျန်သူတွေ အခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013