DVB Logo
Home
မြန်မာသတင်း
လူနာတင်ယာဉ် ၅၅ စီးကို ပထမဆုံးအကြိမ် တပ်ဆင်ထုတ်လုပ်
DVB
·
July 27, 2018
လူနာတင်ယာဉ် ၅၅ စီးကို ပထမဆုံးအကြိမ် တပ်ဆင်ထုတ်လုပ်
Donate to DVB

စက်မှုဝန်ကြီးဌာနက ၁ စီးကို ကျပ်သိန်း ၇၄၀ တန်ဖိုးရှိ လူနာတင်ယာဉ် ၅၅ စီးကို ပထမဆုံးအကြိမ် တပ်ဆင်ထုတ်လုပ်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် တိုယိုတာအမျိုးအစား လူနာတင်ယာဉ် ၅၅ စီးကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး မနေ့က လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI မှာ လူနာတင်ယာဉ် မိတ်ဆက်တဲ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

လူနာတင်ယာဉ် ၅၅ စီးကို ရေတာရှည်မြို့နယ် သာဂရနယ်မြေရှိ မြေသယ်ယာဉ်တွေ၊ စက်ယန္တရားကြီးတွေ ထုတ်လုပ်တဲ့ အမှတ် (၁၅) အကြီးစားစက်ရုံမှာ တင်ဆင်ထုတ်လုပ်ခဲ့တာပါ။

အဆိုပါယာဉ်ဟာ ၁ နှစ်အာမခံ Hiace Komputer မော်ဒယ်သစ် ဒီဇယ်အင်ဂျင်အမျိုးအစားဖြစ်ပြီး လူနာတင်ယာဉ်နဲ့ကိုက်ညီမှုရှိစေဖို့ စက်မှုဝန်ကြီးဌာနမှ ကျွမ်းကျင်သူတွေနဲ့ တူရကီနိုင်ငံက ပညာရှင်တွေ ပူးပေါင်းကာ ဒီဇိုင်းပုံစံအသစ်ရေးဆွဲပြီး ပြည်တွင်းမှာ ပြန်လည်တပ်ဆင်ထုတ်လုပ်တာဖြစ်ပါတယ်။

လူနာတင်ယာဉ်အတွင်း နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ CAS က သတ်မှတ်ထားတဲ့အတိုင်း အညစ်အကြေးတွေ၊ ဆေးကြောမှု လွယ်ကူဖို့နဲ့ ရောဂါပိုးမွှားတွေ ခိုအောင်းမှု မဖြစ်ရေး စနစ်တကျဖြစ်စေဖို့ စံနှုန်းအတိုင်း ဆောင်ရွက်ထားသလို နှလုံးနှိုးဆွစက်၊ အချွဲစုပ်စက်၊ သွေးကြောသွင်းဆေးရည်တွေ ထိုးသွင်းနိုင်တဲ့ ပစ္စည်းကိရိယာ ၄၁ မျိုးပါဝင်ပါတယ်။

လက်ရှိမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအတွက် တပ်ဆင်ထုတ်လုပ်ပေးပေမယ့် ဌာနဆိုင်ရာနဲ့ ပရဟိတအဖွဲ့အစည်းတွေအပါဝင် မှာယူသူရှိပါက ထုတ်လုပ်ပေးသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013