DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့တွင် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်၊ အနိမ့်ပိုင်းရပ်ကွက်များ ရေကြီး
DVB
·
July 27, 2018
ပဲခူးမြို့တွင် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်၊ အနိမ့်ပိုင်းရပ်ကွက်များ ရေကြီး
1 / 2
Donate to DVB

ပဲခူးမြို့မှာ ဇူလိုင် ၂၆ ရက်နေ့ကစပြီး စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာကို ကျော်လွန်ကာ ၉၄၁ စင်တီမီတာထိ ရောက်ရှိနေပြီး ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လှည်းကူးမြို့ကနေ ပဲခူးမြို့ကိုသွားတဲ့ မြို့အဝင် တိုးဂိတ်အနီးမှာ ကားလမ်းမပေါ် ရေကြီး နစ်မြုပ်မှုတွေရှိသလို ပဲခူးမြို့ ရွှေသာလျောင်းဘုရားကနေ ပဲခူးဈေးအထိ ကားလမ်းမတွေအပေါ် ရေဖုံးလွှမ်းမှုတွေ ရှိတာကြောင့် ပဲခူးမြို့ရှောင်လမ်းကပဲ ယာဉ်တွေ သွားလာနေရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

လက်ရှိ ပဲခူးမြို့မှာ တက်နေတဲ့ရေဟာ အရင်နှစ်တွေထက်ပိုပြီး မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပဲခူး ၃၉ မိုင်မှာရှိတဲ့ ဘောနတ်ကြီးကျေးရွာအနီးက ကားလမ်းတချို့လည်း ရေဖုံးလွှမ်းမှုတွေ ရှိနေပါတယ်။

ဒီနေ့မနက် တိုင်းတာချက်အရ မဒေါက်၊ ရွှေကျင်၊ ပဲခူးနှင့် ဘားအံမြို့တို့ဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013