DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးရင်ဆိုင်ရန် ပြည်​သူ့အင်​အားသာလိုဟု ​နိုင်ငံတော်​အတိုင်ပင်ခံပုဂ္ဂိုလ်​​​ပြော
DVB
·
July 26, 2018
သဘာဝဘေးရင်ဆိုင်ရန် ပြည်​သူ့အင်​အားသာလိုဟု ​နိုင်ငံတော်​အတိုင်ပင်ခံပုဂ္ဂိုလ်​​​ပြော
Donate to DVB

ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးရင်ဆိုင်ဖို့ ပြည်​သူလူထုရဲ့ အင်​အားပဲလိုတယ်​လို့ ​နိုင်ငံတော်​၏ အတိုင်ပင်ခံပုဂ္ဂိုလ်​​​က ဒီကနေ့ ကရင်ပြည်နယ်၊ ဘားအံမြို့ကို လာရောက်ပြီး  ရေ​ဘေးသင့်​ပြည်​သူ​တွေနဲ့ တွေ့ဆုံစဉ်​ ပြောပါတယ်​။

“အခု​ရေကြီးတဲ့ကိစ္စမှာဆိုရင်​ အ​မေတို့ပြန်​ပြီးစဉ်​စားရမယ်​။ အခုက​ပြောင်းလဲသွားပြီး ရာသီဥတုက အ​မေတို့ တသက်​မှာ ပြန်​​ပြောင်းမှာမဟုတ်​ဘူး။ ဒီအတိုင်းပဲ ဆက်​သွားမယ်​။ တချို့တွေက အရင်​နှစ်​၅ နှစ်​၊ ၁၀နှစ်​တုန်းက ဒီလိုပဲ အဲလိုစဉ်းစားတယ်​။ ၅ နှစ်​ ၁၀နှစ်​အထိ တကမ္ဘာလုံးရဲ့ ရာသီဥတုက ​ပြောင်းသွားပြီ။ ​ရေကြီးတာက​တော့ ဒီမှာဖြစ်​​နေတယ်​။ ဘယ်​လို လုပ်​ရမလဲ။ အရင်​တုန်းကထက်​ ကုန်းမြင့်​တဲ့​နေရာ​တွေမှာ ​နေရမယ်​။ အ​ဆောက်​အဦ​တွေ့ အရင်​တုန်းကထက်​ ​ရေလွတ်​​အောင်​ ဘယ်​လိုလုပ်​မလဲ။ အဲဒါ​တွေ စဉ်းစားရမယ်​။ အဲဒါ​တွေက လက်​​တွေ့အလကားမရဘူး။ ပိုက်​ဆံ​တွေလိုတယ်​။ ပိုက်​ဆံလိုတယ်​ဆိုရင်​ နိုင်​ငံတစ်​နိုင်​ငံမှာ ပိုက်​ဆံရှိဖို့ဆိုတာ ပြည်​သူလူထုရဲ့ အင်​အားပဲလိုတယ်​"လို့ ​ပြောပါတယ်​။

နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​က ​လယ်​ယာ​မြေ​ပေါ်တည်​​ဆောက်​မယ့် စီမံကိန်း​တွေနဲ့ သိမ်းဆည်း လယ်​ယာ​မြေ​တွေနဲ့ ပတ်​သက်​ပြီး ဆက်​လက်​ပြောကြားရာမှာ “​ပြောင်းသင့်တဲ့ အချိန်​မှာ ပြောင်းမှ ကိုယ်​ဘဝက တိုးတက်​မယ်​။ ​ပြောင်းသင့်တဲ့အခါမှာ မ​ပြောင်းဘဲနဲ့ ဒီနားမှာ ကပ်​​နေမယ်​ဆိုရင်​ အနည်းနဲ့အများ ရင်​ဆိုင်​ရမှာ​ကြောက်​လို့ဆိုရင်​ ဘာမှ တိုးတက်​မူမရှိဘူး။ ကြောက်​​နေလို့ မဖြစ်​ဘူး။ သတ္တိရှိရှိနဲ့ ရင်​ဆိုင်​ရမယ်​။ တချို့​တွေက တရားမဝင်​တဲ့ပုံစံနဲ့​ နေတယ်​ ဆိုရင်​ တရားဝင်​တဲ့နည်း​တွေရှာသင့်​တယ်​။ အစိုးရကဝိုင်းပြီးရှာ​ပေးရမယ်​။ ပြည်​သူကလဲ ပူး​ပေါင်း​ဆောင်​ရွက်​ရမယ်​"လို့ ​ပြောပါတယ်​။

နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ဟာ ကယ်​ဆယ်​​ရေးစခန်း​တွေကို​ရောက်​ရှိ ခိုလှုံ​နေတဲ့ ​ဒေသခံပြည်​သူ​တွေကို သွားရောက်ကြည့်ရှု အား​ပေးစကား​ပြောကြားပြီး ဌာနဆိုင်​ရာ​တွေက ​ပေးအပ်​လှူ ဒါန်းတဲ့ ထောက်ပံ့ငွေနဲ့ စားသောက်​ဖွယ်​ရာ​တွေကို လက်​ခံခဲ့ပါတယ်​။

ဆက်​လက်​ပြီး နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​က ကယ်​ဆယ်​​ရေးစခန်း​တွေမှာ ရောက်​ရှိ​နေ တဲ့ ​ဒေသခံပြည်​သူ​တွေရဲ့ လိုအပ်​ချက်​​တွေကို ​မေးမြန်းပြီး ပြည်​နယ်​ဝန်ကြီးချုပ်​နဲ့ သက်​ဆိုင်​ရာ ဌာန​တွေကို ပူး​ပေါင်း​ဆောင်​ရွက်​​ပေးဖို့ လမ်းညွန်မှာကြားခဲ့ပါတယ်​။

ရဲမင်း​ခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013